Careerconyat
Knowledge Sharing

Becoming a Professional Sales & Customer Service

Sales & Customer Service ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့ဘာတွေလိုအပ်လဲ?

Hello Ccer လေးတို့ရေ 👋

 
Ccer လေးတို့တွေ အလုပ်ခေါ်စာတော်တော်များများမှာ Sales & Customer Service ဆိုတဲ့ Position ကိုအမြဲလိုလိုတွေ့ရလိမ့်ထင်ပါတယ် 💖

 
အဲ့တော့ Sales & Customer Service ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့ဘာတွေလိုအပ်လဲဆိုတာကို အနည်းငယ်ပြောပြပေးပါမယ်😊

 
1. Product Knowledge

 
Sale ဆိုတဲ့အတိုင်း ပစ္စည်းတွေကိုရောင်းချရမှာဖြစ်လို့ ကိုယ်ရောင်းချတဲ့ ကုန်ပစ္စည်းအကြောင်းကို ထဲထဲဝင်ဝင်နားလည်ထားရပါမယ်။ ဒါမှ Customerတွေရဲ့မေးခွန်းတွေကို သေသေချာချာ ပြန်လည်ရှင်းပြပေးနိုင်မှာ ဖြစ်ပါတယ်။

 
2.Communication Skill

 
Customer တွေနဲ့ ဆက်ဆံတဲ့အခါ သူတို့ဖက်က စကားတွေကို သေချာနားထောင်ပေးရပါမယ်။ ဒါ့အပြင် စကားပြောတဲ့ခါမှာလည်း ချိုသာယဥ်ကျေးနေရပါမယ်။

 
3. Customer Focus

 
Sales သမားတစ်ယောက်ဟာ ကိုယ့်customer ရဲ့ လိုအပ်ချက်၊ လိုချင်မှု၊ ပြဿနာ တွေကိုသေချာနားလည်ရပါမယ်။ ကိုယ့်ရောင်းချတဲ့ service or product ဂာ သူတို့ရဲ့ ဘယ်ပြဿနာကိုဖြေရှင်းပေးနိုင်တာလည်းဆိုတာ ကောင်းကောင်းနားလည်ရပါမယ်

 
4. Problem-Solving Skill

 
Customer တွေနဲ့ဆက်ဆံရေးတည်ဆောက်ရာမှာ သူတို့ဖက်က complaints တွေကိုအချိန်ခဏ‌တွင်းဖြေရှင်းနိုင်ရပါမယ်။ ပြဿနာတစ်ခုကြုံလာတိုင်း စိတ်အလိုလိုက်ပြီး မတုံ့ပြန်သင့်ပါဘူး။ စိတ်ငြိမ်အောင်လုပ်ပြီးမှ အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းတာဝန်ယူသင့်ပါတယ်။

 
💁‍♀️ကဲ ဒီနေ့မျှဝေပေးလိုက်တဲ့ content လေးက Sales & Customers က Ccer လေးတို့အတွက် အထောက်အကူပြုမယ်လို့ထင်ပါတယ်နော်။❣

 

 
🌐 Findout more in our (website)
www.careerconyat.com

 
Our telegram link 👇
https://t.me/careerconyat

 

 
#Careerconyat#sales_and_customer_service#knowledgesharing 

 
Careerconyat

New Things Will Always
Update Regularly

Careerconyat