Careerconyat
AnnouncementEvent

Careerconyat's 2 Year Anniversary

🎉 Cheers to Our 2nd Anniversary 🎉 🥳 ယ​နေ့ ကျ​ရောက်တဲ့ မေလ၊ ၁၁ရက်​နေ့ဟာ ကျွန်​တော်တို့ Careerconyat ကို စတင်ခဲ့တာ ၂နှစ်တိတိ ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။

🎉 Cheers to Our 2nd Anniversary 🎉   

🥳 ယ​နေ့ ကျ​ရောက်တဲ့ မေလ၊ ၁၁ရက်​နေ့ဟာ ကျွန်​တော်တို့ Careerconyat ကို စတင်ခဲ့တာ ၂နှစ်တိတိ ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။   

Careerconyat ဟာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ အလုပ်ရှာ​ဖွေသူများအတွက် -  

ပိုမို အဆင်​ပြေ​ချော​မွေ့​စေပြီး ယုံကြည်စိတ်ချစွာ ​ကုမ္ပဏီတိုက်ရိုက်အလုပ်အကိုင် အခွင့်အလမ်းများကို တိုက်ရိုက်လျှောက်ထားနိုင်ရန် နှင့်  

ကုမ္ပဏီလုပ်ငန်းရှင်များနှင့် HR များအကြား ​ယုံကြည်မှု​တွေနဲ့အတူ ဝန်ထမ်းကောင်းများရရှိစေရန် ပေါင်းကူးတံတားအဖြစ် လက်တွဲ​ ဆောင်ရွက်ခဲ့တာဟာ (၂) နှစ်တာ ကာလအချိန်တစ်ခုကို ​ရောက်ရှိလို့လာခဲ့ပါပြီ။   

Careerconyat ရဲ့ စတင်ဖြစ်​​ပေါ်လာတဲ့ ရည်ရွယ်ချက်​လေးက​တော့   

🔷️ Covid-19 crisis ​​ကြောင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်များ ရှားပါးလာခြင်း၊   

🔷️ (Online) Social Media များတွင် တရားဝင်မဟုတ်​သော ကုမ္ပဏီများမှ လစာအများအပြားမက်လုံး​ပေးပြီး အလုပ်​ခေါ်စာများ​ကြောင့် လူကုန်ကူးမှုခံရခြင်း၊   

🔷️ မသမာသူများထံမှ Form ​ကြေးများ လိမ်လည်​တောင်းယူခံရခြင်း စတဲ့ အခက်အခဲများကို တစ်ဖက်တစ်လှမ်းမှ ပါဝင်ကူညီ​ပေးဖို့ ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။   

🔷️ Company များမှလည်း ဝန်ထမ်း​ကောင်းများ ရှာ​ဖွေရာတွင် Service charges fees (%) များအပြားပေး​ဆောင်ရပြီး ကုန်ကျစရိတ် ပိုမိုများပြားလာခြင်းအတွက် လွယ်ကူ​ချော​မွေ့​စေရန် သက်သာတဲ့ Service charges ဝန်​ဆောင်မှုများ ​ပေးနိုင်ဖို့   

Company Direct Vacancy Advertising Service Platform တစ်ခုအဖြစ် Careerconyat Facebook Page က​နေ အစပျိုးခဲ့တာ ဖြစ်ပါတယ်။ 💙   

အလုပ်အကိုင်ရှာ​ဖွေမှုနယ်ပယ်အတွင်း Careerconyat ရဲ့ ဖန်တီးနိုင်ခဲ့တဲ့ အကျိုးရလဒ်များအ​ပေါ် ယုံကြည်စွာ အား​ပေး​နေကြ​သော Ccers များ နှင့်တကွလုပ်ငန်းရှင်များ၊ HR များ တစ်ဦးတစ်​ယောက်ချင်းစီတိုင်းကို ​ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျ။   

​နောက်ပိုင်းမှာလည်း Careerconyat က အလုပ်အကိုင်ရှာ​ဖွေသူများအတွက် ပိုမို အကျိုးရှိ​​စေမယ့် Knowledge sharing များနှင့်အတူ အခြား​သော အစီအစဥ်​ကောင်းများကိုလည်း ချပြနိုင်ဖို့ ဆက်လက်ကြိုးစား​နေပါတယ် ခင်ဗျ။   

Careerconyat မှ အစဉ်မပြတ်တင်​ပေး​နေ​သော ကုမ္ပဏီတိုက်ရိုက် လုပ်​ခေါ်စာများဖြင့် အလုပ်​လျှောက်ဖူးသူများ၊ ကျွန်​တော်တို့ Careerconyat ၏ Vacant Advertising Service ကို အသုံးပြုဖူးကြ​သော လုပ်ငန်းရှင်များ နှင့် HR များလည်း လွတ်လပ်စွာ ​ဝေဖန်အကြံပြု​ပေးဖို့လည်း ​တောင်းဆိုပါရ​စေခင်ဗျ။   

လူကြီးမင်းတို့၏ ​ဝေဖန်အကြံပြုချက်များကို အ​လေးထားပြီး ​ကျွန်​တော်တို့ Careerconyat အဖွဲ့သားများမှ နှစ်​ပေါင်းများစွာတိုင် ဆက်လက် အ​ကောင်းဆုံးကြိုးစားသွားပါမယ် ခင်ဗျ။   

​ကြိုးစားလျက်!!  

Your Best Partner,  
Careerconyat Team  

#Careerconyat#2_Year_Anniversary#11_May_2023

anni-post-1.png
Careerconyat

New Things Will Always
Update Regularly

Careerconyat