‼️လုပ်သက် (၆)လ ရှိရုံဖြင့်အလုပ်ထုတ်ခံရပါက နစ်နာကြေးရသင့်တယ်ဆိုတာ ‼️
‼️လုပ်သက်(၆)လရှိရုံဖြင့်အလုပ်ထုတ်ခံရပါကနစ်နာကြေးရသင့်တယ်ဆိုတာ‼️
အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေခင်ဗျာ။Careerconyatကနေအပတ်စဉ်Labor Law အကြောင်းများကိုknowledge sharingလုပ်ပေးလာခဲ့တာဒီကနေ့မှာဆိုရင်တော့အလုပ်သမားတိုင်းသိသင့်သိထိုက်တဲ့နစ်နာကြေးအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။
▶️လုပ်ငန်းခွင်နစ်နာကြေးအကြောင်းကိုမပြောခင်မှာအလုပ်ရှင်နဲ့အလုပ်သမားတိုင်းသိသင့်သိထိုက်တဲ့EC စာချုပ်အကြောင်းလေးကိုတော့ဒီlinkလေးကနေတဆင့်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://www.careerconyat.com/blog/employment-contract-ec
💡လုပ်ငန်းခွင်ကနေအကြောင်းအမျိုးမျိုးကြောင့်အလုပ်ကနေထွက်လာရတဲ့အခါမှာနစ်နာကြေးရပိုင်ခွင့်ရှိလား? ဒါမှမဟုတ်နစ်နာကြေးရဖို့မရှိဘူးလား? 💡
▶️ဒီလိုမေးခွန်းတွေအတွက်ခေါင်းထဲမှာမရေမရာဖြစ်နေရင်တနေ့ကြုံလာရနိုင်တဲ့ကိုယ့်ရဲ့နစ်နာမှုတွေကိုကာကွယ်နိုင်ဖို့အတွက်ဆက်လက်ဖတ်ရှုလိုက်ရအောင်နော်။
ရှေ့အပတ်ကဖော်ပြခဲ့တဲ့EC စာချုပ်ရဲ့အချက်တစ်ခုဖြစ်တဲ့အလုပ်မှနှုတ်ထွက်ခြင်းနှင့်အလုပ်မှရပ်စဲခြင်း ဆိုတဲ့အချက်နဲ့ပက်သက်ပြီးဝန်ထမ်းတွေကိုဥပဒေမှာအလုပ်ကနေရပ်စဲမခံရခင်မှာဦးဆုံးအနေနဲ့ဘယ်လိုမျိုးသတိပေးရမယ်၊ကိုယ့်ဘက်ကနေပြစ်ချက်မရှိဘဲရပ်ဆိုင်းခံရတဲ့အခါဘယ်လိုနစ်နာကြေးတွေရရှိနိုင်မလဲဆိုတာကိုCcersလေးတို့အနေနဲ့သိထားတော့ကြောင့်ကြမှုကင်းတဲ့လုပ်ငန်းခွင်ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။
ဒါဆိုဘယ်လိုအခြေနေမျိုးမှာနစ်နာကြေးရနိုင်မလဲဆိုရင်ကျွန်တော်တို့အလုပ်တစ်ခုကိုကိုယ့်သဘောနဲ့ကိုယ်နုတ်ထွက်တာနဲ့အလုပ်ရှင်ဘက်ကအလုပ်ထုတ်တာဆိုတဲ့အခြေနေ(၂) ရပ်ရှိပါတယ်။
၁။ဝန်ထမ်းအနေနဲ့မိမိသဘောဆန္ဒအလျောက်အလုပ်ထွက်လိုတဲ့အခါကုမ္ပဏီသို့မဟုတ်သက်ဆိုင်ရာHR ကိုတစ်လကြိုပြောရပါမယ်။ကိုယ့်သဘောဆန္ဒအလျောက်အလုပ်ထွက်တာဖြစ်တဲ့အတွက်အလုပ်ရှင်ဘက်ကနစ်နာကြေးပေးစရာမလိုဘဲကိုယ့်ရဲ့ထိုက်သင့်တဲ့လစာ၊လုပ်သက်ခွင့်ခံစားခွင့်ရှိမယ်ဆိုရသင့်တဲ့အခကြေးငွေကိုယူပြီးတော့အလုပ်ကနေထွက်လို့ရပါတယ်။
၂။အလုပ်ရှင်ဘက်ကနေအလုပ်ရပ်စဲစေခြင်း
—————————————————-
အလုပ်ရှင်ဘက်ကနေပြီးတော့အလုပ်သမားဝန်ထမ်းကိုအလုပ်ရပ်စဲစေလို့ရတဲ့အခြေအနေ(၄) ရပ်ရှိပါတယ်။အဲဒီ့အခြေအနေ(၄) ရပ်မှာမှ နစ်နာကြေးရနိုင်တဲ့အနေအထား(၂) မျိုးရှိပြီးကျန်တဲ့အနေအထား(၂) ရပ်ကတော့နစ်နာကြေးမရနိုင်ပါဘူးနော်။
(က) အစမ်းခန့်ကာလအခြေအနေ
အခုမှအလုပ်စဝင်လာတဲ့ဝန်ထမ်းသစ်ကိုအလုပ်ရှင်အနေနဲ့အစမ်းခန့်ကာလမှာအလုပ်ကနေရပ်စဲလိုတယ်ဆိုရင်အကြောင်းပြချက်ပေးပြီးတစ်ပတ်ကြိုတင်အကြောင်းကြားရပါမယ်ခင်ဗျ။ဒါပေမဲ့ခိုင်မာတိကျတဲ့အကြောင်းပြချက်ဖြစ်ဖို့တော့လိုပါတယ်။အစမ်းခန့်ဝန်ထမ်းဘက်ကလည်းဒီအလုပ်မှာဆက်မလုပ်ချင်ဘူးဆိုရင်အလုပ်ရှင်ကိုဘာကြောင့်ဆက်မလုပ်တာပါဆိုတဲ့အကြောင်းကြိုတင်အကြောင်းကြားပြီးရပ်နားလို့ရပါတယ်ခင်ဗျ။ ဒီအခြေအနေကတော့အလုပ်ရှင်ဘက်ကရော၊ဝန်ထမ်းဘက်ကရောတယောက်နဲ့တယောက်စောင့်ကြည့်အနေအထားဖြစ်တာမလို့ဘာနစ်နာကြေးမှပေးစရာမလိုတောင်းရာမလိုတဲ့အနေအထားပါ။
(ခ) အမြဲတမ်းဝန်ထမ်းဖြစ်နေတဲ့အခြေအနေ
အစမ်းခန့်ဝန်ထမ်းမဟုတ်ဘဲအမြဲတမ်းဝန်ထမ်းတစ်ယောက်ကရုံးမှာချမှတ်ထားပြီးတော့အလုပ်စဝင်ကတည်းကကြိုသဘောတူထားတဲ့စည်းကမ်းတွေကိုဖောက်ဖျက်တယ်ဆိုရင်အလုပ်ရှင်ဘက်ကနေတလကြိုတင်သတိပေးအကြောင်းကြားရမှာဖြစ်ပါတယ်။ဒါပေမဲ့သူကပထမအကြိမ်နဲ့ဒုတိယအကြိမ်စာနဲ့နှစ်ကြိမ်သတိပေးပြီးတော့ဆက်ပြီးစည်းကမ်းတွေချိုးဖောက်နေတုန်းဆိုရင်တတိယအကြိမ်မှာဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးသတိပေးရပါတယ်။ဝန်ခံကတိထိုးပြီးနောက်၁၂လအတွင်းစည်းကမ်းတွေဆက်လက်ချိုးဖောက်နေတုန်းပဲဆိုရင်အဲဒီ့ဝန်ထမ်းကို နစ်နာကြေးမပေးရဘဲအလုပ်ကနေရပ်နားခိုင်းလို့ရပါတယ်။ဒါပေမဲ့ ၁၂လအတွင်းစည်းကမ်းတွေချိုးဖောက်တာမျိုးမရှိတော့ဘူးဆိုရင်တော့အလုပ်ထုတ်ပယ်ခွင့်မရှိပါဘူး။
အခုပြောခဲ့တဲ(က) နဲ့(ခ) အချက်ကနစ်နာကြေးမရနိုင်ပါဘူး။
(ဂ) ဘာပြစ်ချက်မှမရှိတဲ့အခြေအနေနဲ့
(ဃ) လုပ်ငန်းမလည်ပတ်နိုင်တော့လို့လုပ်ငန်းရပ်စဲလိုက်ရတဲ့အခြေအနေ
အလုပ်ရှင်ဘက်ကအလုပ်သမား/ဝန်ထမ်းကိုကြိုသဘောတူထားတဲ့အလုပ်မှာချမှတ်ထားတဲ့စည်းကမ်းချက်တွေကိုဖောက်ဖျက်တာမျိုးမဟုတ်ဘဲအခြားသောအနေအထားကြောင့်ပဲဖြစ်ဖြစ်၊လုပ်ငန်းကိုဆက်ပြီးမလည်ပတ်နိုင်တော့လို့ရပ်စဲရမှာကြောင့်ပဲဖြစ်ဖြစ်အလုပ်ရပ်နားချင်တယ်ဆိုရင်တော့ဝန်ထမ်းတွေကိုနစ်နာကြေးပေးပြီးအလုပ်ကနေရပ်နားစေရမှာဖြစ်ပါတယ်။အဲဒီ့လိုနစ်နာကြေးပေးရပြီဆိုရင်ဝန်ကြီးဌာနကပေးရမယ့်နစ်နာကြေးနှုန်းထားကိုဝန်ထမ်းလုပ်သက်အလိုက်သတ်မှတ်ပေးထားပြီးအမိန့်ထုတ်ပြန်ထားတယ်ခင်ဗျ။
+ လုပ်သက်၆လပြည့်ဝန်ထမ်းများကိုအလုပ်ထုတ်လိုပါကနစ်နာကြေးလဝက်လစာ
+ လုပ်သက်၁နှစ်ပြည့်ဝန်ထမ်းများကိုအလုပ်ထုတ်လိုပါက နစ်နာကြေး၁လစာ
+ လုပ်သက်၂နှစ်ပြည့်ဝန်ထမ်းများကိုအလုပ်ထုတ်လိုပါကနစ်နာကြေး၁လခွဲလစာ
+ လုပ်သက်၃နှစ်ပြည့်ဝန်ထမ်းများကိုအလုပ်ထုတ်လိုပါကနစ်နာကြေး၃လစာ
+ လုပ်သက်၄နှစ်နဲ့၆နှစ်အတွင်းဝန်ထမ်းများကိုအလုပ်ထုတ်လိုပါက နစ်နာကြေး၄လစာ
+ လုပ်သက်၆နှစ်နဲ့၈နှစ်အတွင်းဝန်ထမ်းများကိုအလုပ်ထုတ်လိုပါကနစ်နာကြေး၅လစာ
+ လုပ်သက်၈နှစ်နဲ့၁၀နှစ်အတွင်းဝန်ထမ်းများကိုအလုပ်ထုတ်လိုပါကနစ်နာကြေး၆လစာ
+ လုပ်သက်၁၀နှစ်နဲ့အနှစ်၂၀အတွင်းဝန်ထမ်းများကိုအလုပ်ထုတ်လိုပါကနစ်နာကြေး၈လစာ
+ လုပ်သက်၂၀နှစ်နဲ့၂၅နှစ်အတွင်းဝန်ထမ်းများကိုအလုပ်ထုတ်လိုပါကနစ်နာကြေး၁၀လစာ
+ လုပ်သက်၂၅နှစ်နဲ့အထက်ဝန်ထမ်းများကိုအလုပ်ထုတ်လိုပါက နစ်နာကြေး၁၃လစာပေးပြီးအလုပ်ကနေရပ်နားခိုင်းရမှာပါ။
ဒါဆိုရင်တော့အလုပ်သမားတိုင်းသိသင့်တဲ့နစ်နာကြေးအကြောင်းကိုCcers လေးတို့လဲသိသင့်သလောက်သိသွားမယ်ထင်ပါတယ်။
နောက်အပတ်တွေမှာလဲကျွန်တော်တို့Careerconyat Team ကနေလုပ်ငန်းခွင်အတွက်ဗဟုသုတဖြစ်စေမယ့်sharing posts တွေနဲ့အတူပြန်လာခဲ့ပါ့မယ်။
မင်္ဂလာရှိသောနေ့ရက်ကလေးဖြစ်ပါစေခင်ဗျာ။
#Careerconyat
#Ccers
#compensation
#knowledge_sharing_session