‼️အလုပ်ရှင်တွေနဲ့ HR Admin တွေသာမက ဝန်ထမ်းတွေပါ သိကိုသိထားသင့်တဲ့ EC စာချုပ်အကြောင်း‼️
အားလုံးပဲ မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေခင်ဗျာ။ ဒီနေ့မှာဆိုတော့ ကျွန်တော်တို့တွေက လုပ်ငန်းခွင်ထဲဝင်တော့မယ်ဆို သိကိုသိထားရမယ့် အကြောင်းအရာတစ်ခုကို ဗဟုသုတရစရာအဖြစ် မျှဝေပေးလိုပါတယ်။
💠 Ccers တို့အနေနဲ့ အရင်ဆုံး EC စာချုပ်က ဘာလဲဆိုတာကို အရင်ဆုံးသေချာသိထားဖို့လိုအပ်ပါမယ်နော်....။
EC စာချုပ်ဆိုတာက "Employment Contract" ဆိုတာကို အတိုကောက်ခေါ်ဆိုတာဖြစ်ပါတယ်။ အဓိပ္ပါယ်ပြန်ရမယ်ဆိုရင်တော့ အလုပ်အကိုင် ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်စာချုပ် ဖြစ်ပါတယ်။
လုပ်ငန်းခွင် ဝင်ဖူးသူတိုင်း သူ့ နာမည် အပြည့်အစုံသာ မသိရင် နေမယ်၊ ဒီစာချုပ်ကိုတော့ လက်မှတ်ထိုးဖူးကြပါလိမ့်မယ်။
အလုပ်ရှင်တွေက အခကြေးငွေယူပြီး အလုပ်လုပ်မယ့် ဘယ်သူ့ကို မဆို စပြီးအလုပ်ခန့်တော့မယ် ဆိုတာနဲ့ ဒီ EC စာချုပ်ကို လက်မှတ်ထိုးကြပါပြီ။
💠 ဘယ်အချိန်မှာ ဒီစာချုပ်ကို စတင်ချုပ်ရမလဲ?
များသောအားဖြင့် အလုပ်ခန့်ပြီး ရက်ပေါင်း ၃၀ အတွင်း ချုပ်ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်ရှင်က အကြိုသင်တန်းကာလ၊ အစမ်းခန့်ကာလ သတ်မှတ်ထားတယ်ဆိုရင် အဲဒီ့ကာလတွေပြီးလို့ နှစ်ဖက်အဆင်ပြေကြတယ် အလုပ်ခန့်မယ်ဆိုမှ ရက် ၃၀ အတွင်း EC စာချုပ် ချုပ်ဆိုရတာမျိုး ဖြစ်ပါတယ်။
💠 ဒီ EC စာချုပ် က ဘာလို့ ချုပ်ဖို့ လိုအပ်တာလဲ?
အဓိက ရည်ရွယ်ချက်ကတော့ အလုပ်သမားတွေ လုပ်ငန်းခွင် စည်းကမ်းတွေကို တကယ်လိုက်နာဖို့၊ ပြီးတော့ အလုပ်ရှင် နဲ့ အလုပ်သမားကြားမှာ ခံစားခွင့်နဲ့ပက်သက်လို့ တခုခု အငြင်းပွားစရာ ဖြစ်လာရင် ဉပဒေ လုပ်ထုံးလုပ်နည်းတွေ အတိုင်း ဖြေရှင်းနိုင်ဖို့ Bond တစ်ခုထိုးကြရတာမျိုးပါ။ နောက်ပြီး.... အရေးကြီးဆုံးအချက်ကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်းကို အကာအကွယ်ပေးဖို့ဖြစ်ပါတယ်။
ဒါပေမဲ့ Ccer တို့ သိကြတဲ့အတိုင်းပဲ ဝန်ထမ်းတွေ၊ အလုပ်သမားတွေဘက်က ကိုယ့်မှာ ဘယ်လိုအခွင့်အရေးတွေ ရှိတယ်ဆိုတာကို မသိဘူးဆိုရင် ခေါင်းပုံဖြတ်ချင်တဲ့ အလုပ်ရှင်မျိုးတွေ ရှိတတ်တယ်မလား.....။
အဲဒီတော့ သူတို့လိုချင်တဲ့ အချက်တွေအတိုင်းပဲ ထည့်ထားပြီးမှ ကိုယ်က လက်မှတ်ထိုးရတယ်။ အဲ့လို အလုပ်ရှင်တွေကို Careerconyat ရဲ့ ဝိုင်းတော်သားတွေအနေနဲ့ တခုမေတ္တာရပ်ခံချင်တာက အလုပ်သမားတွေကို အတတ်နိုင်ဆုံး ဥပဒေမှာ ပြဌာန်းထားတဲ့ အခွင့်အရေးတွေကို ကိုယ့်လုပ်ငန်းခွင်မှာ ထားရှိပေးဖို့ပါပဲ။
ဒါနဲ့ ပက်သက်လို့ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံဖြိုးတိုးတက်ရေး ဥပေဒေ ပုဒ်မ ၅ ၊ ပုဒ်မခွဲ (ဂ) မှာလည်း တားမြစ်ထားပါတယ်။
📌 “(ဂ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသော လုပ်ငန်းခွင် စည်းကမ်းများသည် တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ညီညွတ်ရမည့်ပြင် အလုပ်သမား၏ အကျိုးခံစားခွင့် များသည်လည်း တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ခံစားခွင့်များအောက် လျော့နည်းခြင်း မရှိစေရ။”
ဆိုတော့ အလုပ်ရှင်တွေ၊ HR Admin တွေ ဘက်က သိသိကြီးနဲ့ကို ဖြစ်စေ၊ မသိလိုက်လို့ ဖြစ်စေ ကိုယ့်လုပ်ငန်းခွင်က ဝန်ထမ်းတွေ နဲ့ EC စာချုပ်ချုပ်တဲ့ အခါ ကိုယ့်သဘောအတိုင်း လုပ်ဖို့က Law မှာ တားမြစ်ထားတယ်ဆိုတာကို ဒီကနေ သိသွားစေဖို့ Careerconyat အနေနဲ့ မျှော်လင့်ပါတယ်။
ဝန်ထမ်းတွေဘက်ကလည်း ကိုယ့်ကို ဥပဒေအောက်မှာ ဘယ်လို ခံစားခွင့်ပေးထားတယ်ဆိုတာ သိထားမှလည်း ဂျင်းထည့်ခံရခြင်း၊ လိမ်လည်ခံရခြင်းကနေ ကင်းဝေးမှာပါ။
✅ ပြီးတော့ ဘယ်လို အခွင့်အရေးတွေ ရှိတယ်ဆိုတာ ဘယ်ကနေ ရှာရမလဲ၊ ဘယ်ကနေ သိရနိုင်လဲ ဆိုတာကို ခေါင်းစားနေစရာ မလိုဘူးဗျ။ ကျွန်တော်တို့ Careerconyat ရဲ့ Platform တွေ ဖြစ်တဲ့ FB Page, Telegram Channel , Lindken တွေကိုသာ follow ထားလိုက်တော့ဗျာ။
ကျွန်တော်တို့ Careerconyat က အပတ်စဉ် Ccers တို့ သိသင့်သိထိုက်တာတွေကို အစဉ်မပြတ် တင်ဆက်ပေးနေကြဖြစ်တာမလို့ အသစ်အသစ်တွေကို မလွတ်သွားစေချင်ဘူးဆိုရင် See First လုပ်ထားလိုက်ကြဖို့ကိုလည်း သတိပေးပါရစေဗျာ။ 😉
💠 နောက်ဆုံးအနေနဲ့ ဒီ EC စာချုပ်ကြီးကို မဖြစ်မနေ ချုပ်ရမှာလား? မချုပ်လို့ရလား?
EC စာချုပ်ကို မချုပ်ပဲ အလုပ်လုပ်လို့ မရနိုင်ပါဘူးဗျ။ မချုပ်ဘူးဆိုရင် အလုပ်ရှင်ကို ခြောက်လထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ၂ မျိုးစလုံးတပြိုင်တည်း ချမှတ်တာဖြစ်ဖြစ် ဥပဒေအရ အရေးယူလို့ ရတာကြောင့်ပါ။
💠 ဆိုတော့ ဒီစာချုပ်မှာ ဘယ်လို အချက်တွေပါရမလဲ?
(၁) အလုပ်အကိုင်အမျိုးအစား၊
(၇) နားရက်၊ အလုပ်ပိတ်ရက်နှင့်ခွင့်ရက်၊
(၈) အချိန်ပိုလုပ်ကိုင်ခြင်း၊
(၉) အလုပ်ချိန်အတွင်း အစားအသောက် အစီအစဉ်၊
(၁၂) အလုပ်ခွင်သို့ ကြို၊ ပို့ယာဉ် စီစဉ်ပေးခြင်းနှင့် ခရီးသွားလာခြင်း၊
(၁၃) အလုပ်သမားများ လိုက်နာရမည့်စည်းကမ်းချက်များ၊
(၁၄) အလုပ်ရှင်စေလွှတ်သည့် သင်တန်းသို့ တက်ရောက်ရပါက ယင်းသင်တန်းတက်ရောက်ပြီးနောက် ဆက်လက် တာဝန်ထမ်းဆောင်ရန် အလုပ်သမားက သဘောတူညီသည့် ကာလ သတ်မှတ်ချက်၊
(၁၅) အလုပ်မှနုတ်ထွက်ခြင်းနှင့် အလုပ်မှရပ်စဲခြင်း၊
(၁၇) စာချုပ်ပါစည်းကမ်းချက်အတိုင်း တာဝန်ရှိမှုများ၊
(၁၈) အလုပ်ခန့်ထားမှု သဘောတူညီချက်စာချုပ်အား အလုပ်ရှင်၊အလုပ်သမား နှစ်ဦးသဘောတူ ဖျက် သိမ်းခြင်း၊
(၂၀) စာချုပ်စည်းကမ်းများကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း၊
(၂၁) အထွေထွေ။ (တခြားသော အလုပ်ရှင်ဘက်က သတ်မှတ်ထားတဲ့ လုပ်ငန်းခွင်စည်းကမ်းချက်... အစရှိသဖြင့်ပေါ့။)
အခုပြောခဲ့တဲ့ အချက်တွေက စာချုပ်ထဲ ပါရမယ့်အချက်တွေ ဖြစ်ပါတယ်။ 🫡
အားလုံးလည်း EC စာချုပ်နဲ့ပတ်သက်ပြီး သိသင့်သလောက် သိသွားကြပြီလို့ ယုံကြည်ပါတယ်ဗျာ။ Careerconyat မှ လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းဝေးကြပါစေ လို့လည်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဗျာ။ 💙
#knowledge_sharing_session