ကဆုန်လပြည့်နေ့ ဆုတောင်း
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး တစ်ခုဖြစ်ပြီး ညောင်ရေသွန်းပွဲများပြုလုပ်လျက်ရှိသောနေ့တစ်နေ့လည်းဖြစ်ပါသည်။
ကဆုန်လပြည့်နေ့တွင် မြတ်ဗုဒ္ဓ၏ ဗျာ၊ဖွား၊ပွင့်၊စံအဖြစ်တော်လေးမျိုးစလုံး တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သောကြောင့် ဗုဒ္ဓနေ့ ဟူ၍လည်းခေါ်တွင်လေ့ရှိပါသည်။
ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်နေဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်ကိုလည်း ယနေ့ထက်တိုင်မြင်တွေ့နေရမြဲဖြစ်သည်။
"ယခုလိုအထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်မှာ အားလုံးသော အများပြည်သူအပေါင်းတို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံကြပါစေလို့"
Careerconyat Teamမှ
ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ