Careerconyat
AnnouncementEventPartnershipKnowledge SharingSpecial Days

Happy 3rd Year Anniversary

🎉 Happy 3rd Year Anniversary 🎉 🥳 ယ​နေ့ ကျ​ရောက်တဲ့ မေလ၊ ၁၁ရက်​နေ့ဟာ ကျွန်​တော်တို့ Careerconyat ကို စတင်ခဲ့တာ ၃နှစ်တိတိ ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။

🎉 Happy 3rd Year Anniversary 🎉


🥳 ယ​နေ့ ကျ​ရောက်တဲ့ မေလ၊ ၁၁ရက်​နေ့ဟာ ကျွန်​တော်တို့ Careerconyat ကို စတင်ခဲ့တာ ၃နှစ်တိတိ ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။


Careerconyat ဟာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ အလုပ်ရှာ​ဖွေသူများအတွက် -


ပိုမို အဆင်​ပြေ​ချော​မွေ့​စေပြီး ယုံကြည်စိတ်ချစွာ ​ကုမ္ပဏီတိုက်ရိုက်အလုပ်အကိုင် အခွင့်အလမ်းများကို တိုက်ရိုက်လျှောက်ထားနိုင်ရန် နှင့်


ကုမ္ပဏီလုပ်ငန်းရှင်များနှင့် HR များအကြား ​ယုံကြည်မှု​တွေနဲ့အတူ ဝန်ထမ်းကောင်းများရရှိစေရန် ပေါင်းကူးတံတားအဖြစ် လက်တွဲ​ ဆောင်ရွက်ခဲ့တာဟာ (၃) နှစ်တာ ကာလအချိန်တစ်ခုကို ​ရောက်ရှိလို့လာခဲ့ပါပြီ။


Careerconyat ရဲ့ စတင်ဖြစ်​​ပေါ်လာတဲ့ ရည်ရွယ်ချက်​လေးက​တော့


🔷️ Covid-19 crisis ​​ကြောင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်များ ရှားပါးလာခြင်း၊


🔷️ (Online) Social Media များတွင် တရားဝင်မဟုတ်​သော ကုမ္ပဏီများမှ လစာအများအပြားမက်လုံး​ပေးပြီး အလုပ်​ခေါ်စာများ​ကြောင့် လူကုန်ကူးမှုခံရခြင်း၊


🔷️ မသမာသူများထံမှ Form ​ကြေးများ လိမ်လည်​တောင်းယူခံရခြင်း စတဲ့ အခက်အခဲများကို တစ်ဖက်တစ်လှမ်းမှ ပါဝင်ကူညီ​ပေးဖို့ ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။


🔷️ Company များမှလည်း ဝန်ထမ်း​ကောင်းများ ရှာ​ဖွေရာတွင် Service charges fees (%) များအပြားပေး​ဆောင်ရပြီး ကုန်ကျစရိတ် ပိုမိုများပြားလာခြင်းအတွက် လွယ်ကူ​ချော​မွေ့​စေရန် သက်သာတဲ့ Service charges ဝန်​ဆောင်မှုများ ​ပေးနိုင်ဖို့


Company Direct Vacancy Advertising Service Platform တစ်ခုအဖြစ် Careerconyat Facebook Page က​နေ non profit အနေနဲ့အစပျိုးခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ Careerconyat websiteကနေပြီးအလုပ်ရှာဖွေသူတွေအနေနဲ့ မိမိတို့နဲ့ သက်ဆိုင်သောအလုပ်ခေါ်စာတွေကိုရှာဖွေပြီး အလုပ်တိုက်ရိုက်လျှောက်နိုင်နေပြီဖြစ်သလို လုပ်ငန်းရှင်များနှင့် HRအစ်ကို/ အစ်မများအတွက်လည်း Job Portal Service များကိုအသုံးပြုနိုင်အောင် ပံပိုးဆောင်ရွက်ပေးလျက်ရှိပါတယ်💙


🎉လူငယ်များလုပ်ငန်းခွင်အတွေ့အကြုံရရှိရေးအတွက်ရည်ရွယ်သည့် Careerconyat ၏ Internship Training Programဟာဆိုရင်လည်း ယခုဆို (Batch 8) အထိရောက်ရှိလို့လာခဲ့ပါပြီ။🎉


အလုပ်အကိုင်ရှာ​ဖွေမှုနယ်ပယ်အတွင်း Careerconyat ရဲ့ ဖန်တီးနိုင်ခဲ့တဲ့ အကျိုးရလဒ်များအ​ပေါ် ယုံကြည်စွာ အား​ပေး​နေကြ​သော အလုပ်လျှောက်သူ Ccers များ နှင့်တကွလုပ်ငန်းရှင်များ၊ HR များ တစ်ဦးတစ်​ယောက်ချင်းစီတိုင်းကို ​ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျ။


​နောက်ပိုင်းမှာလည်း Careerconyat က အလုပ်အကိုင်ရှာ​ဖွေသူများအတွက် ပိုမို အကျိုးရှိ​​စေမယ့် Knowledge sharing များနှင့်အတူ အခြား​သော အစီအစဥ်​ကောင်းများကိုလည်း ချပြနိုင်ဖို့ ဆက်လက်ကြိုးစား​နေပါတယ် ခင်ဗျ။


Careerconyat မှ အစဉ်မပြတ်တင်​ပေး​နေ​သော ကုမ္ပဏီတိုက်ရိုက် လုပ်​ခေါ်စာများဖြင့် အလုပ်​လျှောက်ဖူးသူများ၊ ကျွန်​တော်တို့ Careerconyat ၏ Vacant Advertising Service & Job Portal Serviceကို အသုံးပြုဖူးကြ​သော လုပ်ငန်းရှင်များ နှင့် HR များလည်း လွတ်လပ်စွာ ​ဝေဖန်အကြံပြု​ပေးဖို့လည်း ​တောင်းဆိုပါရ​စေခင်ဗျ။


လူကြီးမင်းတို့၏ ​ဝေဖန်အကြံပြုချက်များကို အ​လေးထားပြီး ​ကျွန်​တော်တို့ Careerconyat အဖွဲ့သားများမှ နှစ်​ပေါင်းများစွာတိုင် ဆက်လက် အ​ကောင်းဆုံးကြိုးစားသွားပါမယ် ခင်ဗျ။


​ကြိုးစားလျက်!!


Your Best Partner,

Careerconyat Team


#Careerconyat #3_Year_Anniversary #11_May_2024

anniversary-design.png

Careerconyat

New Things Will Always
Update Regularly

Careerconyat