Careerconyat
Knowledge Sharing

How to be confidence in Interview Room?

Interviewer ရှေ့မှာ ယုံကြည်ချက်ရှိရှိ ဘယ်လိုဖြေရမလဲဆိုတဲ့ သိချင်တဲ့ CCers လေးတွေက content ကိုအဆုံးထိ ဖတ်သွားပေးနော်

Interview ဝင်တိုင်း စိတ်တွေလှုပ်ရှားနေတုန်းပဲလား?

ဒီနေ့မှာတော့ interviewer ရှေ့မှာ ယုံကြည်ချက်ရှိရှိ ဘယ်လိုဖြေရမလဲဆိုတဲ့ သိချင်တဲ့ CCers လေးတွေက content ကိုအဆုံးထိ ဖတ်သွားပေးနော်။✨
အိုကေ ကိုယ်တွေ ဘယ် interview ဝင်ဝင် စိတ်ကတော့အနည်းငယ် ကြောက်ပီး လှုပ်ရှားတတ်စမြဲမလား? ဒါဆိုဒါကိုကျော်လွှားဖို့အတွက် ပထမဆုံးအချက်က.......

✅Positive thinking ပါ
ဟုတ်ပါတယ် ငါဒီ interview ကိုဖြေနိုင်မှာ။ Interview ဆိုတာ အေးဆေးဆိုပီး များများတွေးပေးပါ။ ဒါဆိုရင်မသိစိတ်ထဲကနေ confident ရှိလာပီး interview ခန်းထဲမှာ အေးဆေးကျော်ဖြတ်နိုင်မှာပါနော်။

✅စိတ်ငြိမ်အောင်လုပ်ပါ
ဒီအချက်အတွက်အကောင်းဆုံးက အသက်ကိုပြင်းပြင်းရှူပေးခြင်းပါ။ အသက်ပြင်းပြင်းရှူပေးခြင်းအားဖြင့် ဦးနှောက်က oxygen လုံလုံလောက်လောက်ရသွားမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဦးနှောက်က အကောင်းဆုံးအခြေအနေမှာရှိနေလို့ interviewer တွေရဲ့မေးခွန်းတိုင်းကို အေးဆေးကျော်လွှားနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုလုပ်လို့ရတာကတော့ အကြိုက်ဆုံးသီချင်းနားထောင်တာပါ။ သီချင်းနားထောင်တာဟာ စိတ်ကိုပျော်ရွှင်စေပီး dopamine ထုတ်ပေးစေတာမို့ confidence ရှိရှိ interview အခန်းထဲဝင်နိုင်စေရန် အထောက်အကူဖြစ်မှာပါ။

✅ လှပကျော့ရှင်းစွာဝတ်ဆင်ပါ
ဟုတ်ပါတယ် အဝတ်အစားကိုသေချာစွာ ဝတ်စားသွားခြင်းက မသိစိတ်ထဲမှာ confident တစ်ခုရှိစေပါတယ်။ ဒါ့အပြင် အဝတ်အစား ဝတ်ဆင်ရာမှာ ကိုယ်လျှောက်မယ့် position နဲ့ သင့်တော်တဲ့အဝတ်အစားဖြစ်ဖို့ကလည်းအရေးကြီးပါတယ်။ အရမ်းကြီးလည်း old fashion ဖြစ်စရာမလိုသလို အရမ်းလည်း modern ဖြစ်စရာမလိုပဲ သေသပ်စွာဝတ်ဆင်နိုင်ဖို့က အရေးကြီးပါတယ်။ သေသပ်စွာ ဝတ်ဆင်သွားခြင်းက interviewer တွေကလည်းသဘောကျတာမို့ နှစ်ချက်ခုတ်တစ်ချက်ပြတ်ပါပဲနော်။

✅ Eye contact 
Interview အခန်းထဲရောက်ရင် တော်တော်များများဖြစ်တတ်တာက မျက်စိကစားတတ်တာပါ။ဒါကလည်းစိတ်လှုပ်ရှားတာကိုး၊ တကယ်တော့ interviewee ကိုသေချာ eye contact လုပ်ပီးဖြေတာဟာ အမှတ်လည်းရစေတဲ့အပြင်၊ ဖြေနေရင်းနဲ့ ကိုယ့်ကိုယ်ကိုလည်းယုံကြည်မှုရှိလာစေပါတယ်။ ဒါကြောင့်မို့ eye contact ရအောင်လုပ်ကြည့်ကြပါ။

✅ ခန္ဓာကိုယ်ကို ငြိမ်ငြိမ်ထားပါ
နောက်ဆုံးအချက်အနေနဲ့ ကတော့ interview ခန်းတွေမှာ တွေ့ရဆုံးပြဿနာတစ်ခုပါ။ စိတ်အရမ်းလှုပ်ရှားပီး လက် သို့မဟုတ် ဒူး သို့မဟုတ် ခြေထောက်ကလှုပ်တတ်တာ‌ပါ‌ပေါ့နော်။ ဒါကလည်း စိတ်အရမ်းလှုပ်ရှားနေတဲ့ချိန်ဆို သတိမထားမိပဲဖြစ်တတ်တာပါ။ ဒါကိုဖြေရှင်းဖို့ကတော့ ကိုယ်ဟာ interview ခန်းထဲမှာထိုင်တာနဲ့ လက်နှစ်ဖက်ကို ယှက်ကိုင်ထားပီး ပေါင်ပေါ်တင်ကာ မတ်မတ်ထိုင်ခြင်းပါ။ လက်နှစ်ဖက်ကဟာယှက်ထားတာဖြစ်လို့ မလှုပ်နိုင်သလို ပေါင်ပေါ်ကိုလည်း လက်ရဲ့ pressure ကရှိနေတာမို့ လှုပ်လို့အဆင်မပြေတဲ့အခြေအနေကိုရောက်သွားစေပါတယ်။ မတ်မတ်ထိုင်နေတာဖြစ်လို့ body posture ဟာလည်း အလိုအလျောက် formal ကျသွားပီး smart ဖြစ်တဲ့ပုံထွက်စေပါတယ်။

ကဲဒါဆိုရင်တော့ အပေါ်ကပြောသွားတဲ့အချက်လေးတွေက Ccers လေးတွေအတွက် တကယ်အသုံးဝင်စေမယ် မျှော်လင့်ပါတယ်နော်။ ❣️

ဪဒါနဲ့ Careerconyat Website မှာ အလုပ်ခေါ်စာ‌တွေ အများကြီးရှိတာမို့ check လုပ်ဖို့ မမေ့ကြနဲ့ဦးနော်။ 😉

🔹🔹🔹🔹 Careerconyat Website 🔹🔹🔹🔹
www.careerconyat.com

Careerconyat

New Things Will Always
Update Regularly

Careerconyat