အလုပ်လျှောက်တဲ့နေရာဖို့ ကိုယ်ရဲ့ CV တစ်ခုကျော့ရှင်းသပ်ရပ်စွာဘယ်လိုပြင်ဆင်ရမလဲဆိုတာကို sharing လုပ်ပေးသွားမှာပါ
Hello CCers လေးတို့ရေ ဒီနေ့မှာတော့ အလုပ်လျှောက်တဲ့နေရာဖို့ ကိုယ်ရဲ့ CV တစ်ခုကျော့ရှင်းသပ်ရပ်စွာဘယ်လိုပြင်ဆင်ရမလဲဆိုတာကို sharing လုပ်ပေးသွားမှာပါ 🫶🏻
CV form ဆိုတာ ကိုယ်ရဲ့ ဒုတိယမျက်နှာဆိုလည်းမမှားပါဖူး CV form တစ်ခုရဲ့ impactဟာ 40% သော impression ကိုယူဆောင်ပေးနိုင်ပါတယ် ဒါကြောင့်မို့ ကိုယ့် CV form ကိုမြင်လိုက်တာနဲ့ သဘောကျနေစေဖို့ ဘယ်လို သပ်သပ်ရပ်ရပ်ပြင်ဆင်ရမလဲ ဖော်ပြပေးလိုက်ပါတယ် 😉
👉🏻 Contact information
ပထမဦးစားပေးအနေနဲ့ ကိုယ်ရဲ့ contact information ကအရေးကြီးဆုံးပါ မြင်သာတဲ့နေရာမှာ မှန်ကန်စွာစီစစ်ပီးထည့်ရပါမယ်
👉🏻 Professional summary
ကိုယ်ရဲ့ professional career မှာကျင်လည်ခဲ့တဲ့အကြောင်းအရာ၊ ကိုယ့်ခံယူချက်၊ ကိုယ့်ကိုဘယ်လိုလူမျိုးဆိုတာသိအောင် သေချာစွာဖော်ပြပေးဖို့လိုတဲ့နေရာဖြစ်ပါတယ်
👉🏻 Detail education
ကိုယ်ရဲ့ပညာအရည်အချင်းတွေနဲ့ပတ်သတ်ပီးအသေးစိတ်ရေးရပါမယ်၊ ဘွဲ့၊ တက်ခဲ့တဲ့ professional အတန်းတွေ၊ certificate တွေပေါ့
👉🏻 Working experience
ကိုယ်အရင်ကလုပ်ခဲ့တဲ့အလုပ်တွေကို ဘယ်နှစ်ကဘယ်နှစ်ထိလုပ်ခဲ့တယ်၊ ဘယ်ရာထူးနဲ့အလုပ်လုပ်ခဲ့တဲ့၊ ကိုယ်တာဝန်ယူရတဲ့အပိုင်း စတာတွေကိုအသေးစိတ်ဖော်ပြပေးဖို့လိုအပ်ပါတယ်
👉🏻 Skills
ဒီအပိုင်းမှာတော့ကိုယ်တတ်ကျွမ်းတဲ့ skills တွေကိုထည့်ရမှာဖြစ်ပါတယ် ဒီနေရာမှာတော့ hardworking, flexiblilty စတဲ့ soft skills တွေအပြင် Microsoft office package, English language စတဲ့hard skills တွေကိုပါဖော်ပြရမှာဖြစ်ပါတယ်
ကဲဒါဆိုရင်တော့ဖြင့် သပ်ရပ်တဲ့ CV form တစ်ခုရဖို့ ဘယ်လိုအစိတ်အပိုင်းတွေလိုအပ်တယ်ဆိုတာ CCers လေးတွေအတွက် sharing လုပ်ပေးသွားတာပဲဖြစ်ပါတယ်🥰❣️
📌Find out more on our website
https://www.careerconyat.com
📌Find us on telegram
https://t.me/careerconyat
#Careerconyat #CV_Form #KnowledgeSharing