Careerconyat
Knowledge Sharing

knowledge sharing

လုပ်ငန်းခွင်ထဲမှာကိုယ့်နာမည်ကြားလိုက်တာနဲ့ ဒီလူပါလားလိုဖြစ်ချင်ကြတယ်မလား

လုပ်ငန်းခွင်ထဲမှာကိုယ့်နာမည်ကြားလိုက်တာနဲ့ ဒီလူပါလားလို့ဖြစ်ချင်ကြတယ်မလား  ဒါဆိုရင်တော့ကိုယ်က personal branding ကိုသေချာလုပ်ဖို့လိုအပ်ပါတယ်
ပြိုင်ဆိုင်မှုတွေများတဲ့လောကမှာကိုယ်ကိုယ်တိုင်အတွက်လုပ်ငန်းခွင်မှာ self promote လုပ်ပီး branding တစ်ခုတည်ဆောက်ဖို့အရေးကြီးတယ်နော် 😉 personal branding တည်ဆောက်တယ်ဆိုတာက ဟင်းချက်ရသလိုပါပဲ recipe ကောင်းကောင်းရော ingredients ကောင်းကောင်းရောလိုအပ်ပါတယ် မိမိအလုပ်အကြောင်းကိုပြောပြတဲ့အခါ တစ်ဖက်သူကိုရှင်းလင်းပြတ်သားမြင်သာအောင်ပြောနိုင်တဲ့ communication skill ၊ ကိုယ်တွေပြောလိုက်တဲ့အကြံအဉာဏ်အကြောင်းအရာက လက်တွေ့မှာလည်းအကောင်ထည်ဖော်နိုင်ဖို့အတွက်အသုံးဝင်တဲ့ရှုထောင့်ကဖြစ်ရမယ်ဆိုတဲ့ uniqueness စတဲ့ ingredients တွေပါဝင်ပါတယ် 
ဒီနေ့မှာတော့ CC ကနေ personal branding အတွက်လိုအပ်တဲ့ recipe ဖြစ်တဲ့ P လေးလုံးကိုပြောပြပေးသွားပါမယ်

Professional 
ကိုယ်ကအလုပ်လုပ်တဲ့အခါမှာ personal နဲ့ professional ကွဲရပါမယ် ဘယ်လုပ်ငန်းတာဝန်ကိုပဲဆောင်ရွက်ရပါစေ စနစ်တကျနဲ့သေချာလုပ်ဆောင်ရပါမယ် ကိုယ့်ရဲ့ career ကိုတလေးတစားနဲ့လုပ်ရပါမယ် ကိုယ်ကကိုယ်ရဲ့အလုပ်အပေါ်ဘယ်လောက်လေးစားတယ်ဆိုတာက ကိုယ်ရဲ့ image နဲ့တိုက်ရိုက်အချိုးကြပါတယ်နော်

Passion
Ccလေးက ဒီနေရာမှာတော့ passion ကိုစတေနာထားလုပျရမယျလို့အဓိပ်ပါယျဖှင့ျပါရစေ ကိုယ်ရဲ့အလုပ်ကကိုယ့်ဝါသနာနဲ့ကိုက်သည်ဖြစ်မကိုက်သည်ဖြစ်စေ သေချာစိတ်နှစ်ပီး စေတနာပါပါလေးသာလုပ်ပေးမယ်ဆိုရင်တော့ ကိုယ်ဟာလုပ်ငန်းခွင်ထဲထင်းထွက်နေမှာသေချာပါတယ်နော်

Proactivity
လုပ်ငန်းခွင်မှာဆိုတော်တော်များများကအလုပ်စည်းထားကြတယ် ဘယ်လိုမျိုးလဲဆိုရင် ကိုယ့ boundary ထဲကမထွက်ကြတာပေါ့ ပြောရရင် ကိုယ်ကဒီလိုလေးဆိုပိုအဆင်ပြေမယ်လို့ထင်ရင်ကိုယ့်အထက်လူကြီးကိုပြောပြတာမျိုး ကိုယ့်ဖက်က action ကိုအရင်စတဲ့သဘောမျိုးပေါ့ တစ်ဖက်လူကဒီနည်းကိုမမြင်မိတာလည်းဖြစ်နိုင်တာမို့ ကိုယ်ကဒီလိုလုပ်ရမှာမို့ဒီလိုလုပ်တာထက်စာရင် ပိုကောင်းတဲ့အကြံဉာဏ်နည်းလမ်းရှိရင်ပြောပြသင့်တယ် ဒါဆိုရင်ကိုယ့်အထက်လူကြီးရဲ့အမြင်မှာ အကွက်မြင်တယ်လို့အမှတ်ပေးခံရမှာနော် 😉

Perseverance
နောက်ဆုံးပိတ်အိတ်နဲ့လွယ်သူ P လေးကတော့ဇွဲပဲဖြစ်ပါတယ် မှန်ပါတယ် ကိုယ့်တာဝန်ပြီးဆုံးအောင်ပဲဖြစ်ဖြစ် ကိုယ့် dream job ရဖို့ပဲဖြစ်ဖြစ်ဇွဲကမရှိမဖြစ်လိုအပ်ဆုံးပါ လုပ်ငန်းခွင်မှာကိုယ့်အမြင်ကိုလုပ်ဖော်ကိုင်ဖက်တွေလက်ခံအောင်ရှင်းပြရမှာလဲ ဇွဲကောင်းကောင်းလိုအပ်ပါတယ် ကိုယ့် dream career ကိုသွားတဲ့လမ်းမှာ ကျရှုံးဖို့ကိုမကြောက်ပါနဲ့ ဇွဲရှိရှိသာဆက်သွားနိုင်ရင် တစ်နေ့လှပတဲ့ပန်းတိုင်တစ်ခုကိုတွေ့ရမှာပါ

ကဲဒါဆိုရင်တော့ဒီနေ့ CC က sharing လုပ်ပေးတဲ့ 4Ps နဲ့လုပ်ငန်းခွင်ထဲမှာအလှပဆုံးတောက်ပနိုင်ကြပါစေနော်

Careerconyat

New Things Will Always
Update Regularly

Careerconyat