ကိုယ့်အနေနဲ့ တစ်ခါတစ်ရံ Stress အရမ်းပိလာတဲ့အခါ အမြန်ဆုံးဖြေလျော့နိုင်တဲ့နည်းလမ်းလေးတွေ
လုပ်ငန်းခွင်အတွင်းမှာ Stress ဆိုတဲ့အရာကြီးကိုကြုံဖူးကြမှာပါ....💁♂️
ကိုယ့်အနေနဲ့ တစ်ခါတစ်ရံ Stress အရမ်းပိလာတဲ့အခါ အမြန်ဆုံးဖြေလျော့နိုင်တဲ့နည်းလမ်းလေးတွေကို ဒီနေ့မှာတော့မင်မင်တို့ Careerconyat Team ကနေမျှဝေပေးလိုက်ပါတယ်💆♂️🍀
🔸တိတ်ဆိတ်တဲ့နေရာတစ်ခုကိုရှာပါ၊ အသက်ပြင်းပြင်းရှူပါ ဒါမှမဟုတ် စိတ်ငြိမ်စေတဲ့ သီချင်းလေးတွေ နားထောင်
ပေးတာမျိုးပြုလုပ်ပေးခြင်း
ဖြင့်လည်း Stress ကိုလျှော့ချပေးနိုင်ပါတယ်။
🔸Stress ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်အတွင်းဖြစ်လာတဲ့ တင်းမာမူတွေကိုဖြေလျော့ဖို့အတွက် လမ်းလေးခဏလောက်လျှောက်လိုက်ပါ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှား အကြောဆန့် exercise လေးမျိုးလုပ်ကြည့်ပါ။
🔸ကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့နီးတဲ့နေရာမှာ စိမ်းလန်းတဲ့သစ်ပင်ပန်းပင်၊ရှူခင်းလေးတွေရှိခဲ့ရင် စိမ်းလန်းအေးချမ်းတဲ့သဘာဝလေးတွေနဲ့ မိနစ်အနည်းငယ်လောက်အာရုံလွှဲလိုက်ခြင်းကလည်းသင့်အားရုံစူးစိုက်မူကို ပြန်လည်ရရှိနိုင်အောင်ကူညီပေးပါလိမ့်မယ်။
🔸ရည်းစားရှိတဲ့သူတွေကတော့ကိုယ့်ရည်းစားကို ph ဆက် ရင်ဖွင့်ပြီးမကျေနပ်ချက်တွေပုံချလို့ရပါတယ်..ဟဲဟဲ😗
ကဲ...ဒါဆို Stress ဖြစ်လာတဲ့အခိုက်အတန့်တွေမှာ မိမိကိုယ်ကို ဂရုစိုက်ခြင်းကို ဉီးစားပေးခြင်းက စိတ်ရောကိုယ်ပါ ကျန်းမာပြီးစိတ်ချမ်းသာမူကို အထောက်အကူပြုစေပါတယ်🍀
#Ccers #Careerconyat #knowledge-sharing #Stress