Careerconyat
Knowledge SharingLabour Law

Labor Law Knowledge Sharing (15. Sep. 2023)

‼️ပိတ်ရက်တွေမှာ အလုပ်ဆင်းရပြီဆိုရင်‼️

‼️ပိတ်ရက်တွေမှာ အလုပ်ဆင်းရပြီဆိုရင်‼️

Hello Guys...🙋


Careerconyat Team က အလုပ်ရှင်နဲ့ လုပ်ငန်းရှာဖွေနေသူတွေကို တိုက်ရိုက်ချိတ်ဆက်ပေးနေတဲ့ Vacant Advertising Platform တခုအနေနဲ့ လုပ်ငန်းရှင်တွေ နဲ့ လုပ်ငန်းခွင်ဝင်ဖို့ ရွေးချယ်နေသူ ၊ လုပ်ငန်းခွင်ထဲ ရောက်ရှိနေသူတွေ အတွက် သိဖို့လိုအပ်တဲ့ အသိပညာတွေ၊ ဥပဒေပိုင်းဆိုင်ရာ ဗဟုသုတတွေကို ရရှိနိုင်ဖို့ တဖက်တလှမ်းကနေ အပတ်စဥ် knowledge sharingလေး လုပ်လာခဲ့တာ ဒီအပတ်မှာဆိုရင်တော့ အလုပ်ပိတ်ရက်မှာကော အလုပ်ဆင်းနေရတဲ့သူလေးတွေအတွက် knowledge sharing လုပ်ပေးသွားမှာပါ....

အလုပ်ချိန်မှာ အလုပ်ထဲ စိတ်နှစ်ပြီး လုပ်တယ်ဆိုတာ တကယ့်ကို ကောင်းတဲ့ အလေ့အကျင့်ပါ။ ဒါပေမဲ့ လုပ်ငန်းသဘောအရ ဝန်ထမ်းနဲ့ အလုပ်ရှင် နဂိုကတည်းက ကြိုပြီးသဘောတူထားကြတဲ့ အလုပ်ချိန်ထပ် အချိန်ပိုဆင်းဖို့ လိုအပ်လာတဲ့ ကာလတွေလည်း ရှိနိုင်ပါတယ်။အချိန်ပိုဆိုတာ အလုပ်ဆင်းနေကျ နေ့တွေမှာ အချိန်ပိုပြီးဆင်းရနိုင်သလို ပိတ်ရင်တွေမှာလည်း လိုအပ်လာရင် အလုပ်ဆင်းရနိုင်ပါတယ်။

  • ဒီလိုအခါမျိုးမှာ အလုပ်ရှင်တွေ အနေနဲ့ ဝန်ထမ်းတွေကို ဘယ်အရာတွေ အစားထိုးပြန်ပေးရမလဲ? 🤔

ဝန်ထမ်းတွေဘက်ကရော ကိုယ့်ဘက်က ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေကို ဥပဒေနဲ့ အညီ ဘယ်လိုမျိုး အကာအကွယ်ပေးထားတယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ ဒါမှ ခေါင်းပုံဖြတ်မှုတွေကနေ ကင်းဝေးကြမှာပါ။

ဒီ အသိပညာတွေကို ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေကနေ ကောက်နှုတ်ပေးတာ ဖြစ်သလို အဲဒီ့အရင်းအမြစ်တွေကို လက်လှမ်း မှီနိုင်အောင်လည်း Careerconyat Team က မျှဝေလျက်ပါ။ 😍

  • ဝန်ထမ်းတွေ ပိတ်ရက်မှာ အလုပ်ဆင်းရရင် ဘယ်လို ကုစားမှုတွေ ပြန်ရမလဲ ?

ရက်သတ္တပတ် ပိတ်ရက်မှာ အလုပ်ဆင်းရင် အချိန်ပိုကြေးကို ခံစားခွင့် ရမှာဖြစ်ပါတယ်။ဒါပေမဲ့ အစားထိုးနားရက် ရရင်တော့ အချိန်ပိုကြေးမရနိုင်တော့ပါဘူး ။

အလုပ်ရှင်တွေဘက်က အစားထိုးနားရက်ကို အလုပ်ဆင်းရမယ့်ပိတ်ရက် မတိုင်ခင် ၃ ရက် ထဲက တရက်ရက် (သို့)  အလုပ်ဆင်းရတဲ့ ပိတ်ရက်ပြီးတော့ ၃ ရက် ထဲက တရက်ရက်ကို အစားထိုးနားရက် ပေးရမှာပါ။

အများပြည်သူပိတ်ရက်မှာ အလုပ်ဆင်းရရင်တော့ တရက်သတ်မှတ်အလုပ်ချိန်အပြည့်မဟုတ်ဘဲ အချိန်ပိုင်းပဲဆင်းရမယ်ဆိုရင်တောင် ပုံမှန် အလုပ်ဆင်းနေကျရက်မှာ ပေးနေကျလုပ်ခနှုန်း ရဲ့ ၂ ဆ ကို ပေးရမှာ ဖြစ်ပါတယ်။

ဒါဆို Careerconyatက sharing လုပ်ပေးခဲ့တဲ့ …

ပိတ်ရက်၊ ခွင့်ရက်တွေအကြောင်း Link
https://www.careerconyat.com/blog/garden-leave-laborlaw

HR တွေအတွက် ခွင့်ရက်၊ပိတ်ရက် ခွဲခြားနည်း Link
https://www.careerconyat.com/blog/labour-law-knowledge-sharing-792023

ဒီလောက်ဆို Ccers တွေလည်းဗဟုသုတ ရရှိမယ်လို့ထင်ပါတယ်။ နောက်အပတ်တွေမှာလည်း စိတ်ဝင်စားစရာ အကြောင်းအရာတွေကို sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက် Careerconyat ကို see first လုပ်ထားဖို့မမေ့ပါနဲ့နော်။

#Careerconyat
#Knowledge_sharing_session
#Ccers

Careerconyat

New Things Will Always
Update Regularly

Careerconyat