‼️HR နဲ့ ဝန်ထမ်းတွေကြား အငြင်းပွားရတဲ့ ခွင့်ရက် နဲ့ အလုပ်ပိတ်ရက် ခွဲခြားနည်း‼️
Hello !!
🙋Careerconyat Team က အလုပ်ရှင်နဲ့ လုပ်ငန်းရှာဖွေနေသူတွေကို တိုက်ရိုက်ချိတ်ဆက်ပေးနေတဲ့ Vacant Advertising Platform တခုအနေနဲ့ လုပ်ငန်းရှင်တွေ နဲ့ လုပ်ငန်းခွင်ဝင်ဖို့ ရွေးချယ်နေသူ ၊ လုပ်ငန်းခွင်ထဲ ရောက်ရှိနေသူတွေ အတွက် သိဖို့လိုအပ်တဲ့ အသိပညာတွေ၊ ဥပဒေပိုင်းဆိုင်ရာ ဗဟုသုတတွေကို ရရှိနိုင်ဖို့ တဖက်တလှမ်းကနေ အပတ်စဥ် knowledge sharingလေး လုပ်လာခဲ့တာဒီအပတ်မှာတော့ HR တွေ၊ ဝန်ထမ်းတွေ ဒွိဟဖြစ်နိုင်တဲ့
" ခွင့်ရက်နဲ့ ပိတ်ရက် ပေါင်းယူကြတဲ့အခါမှ ပိတ်ရက်တွေကိုပါ ခွင့်ရက်လို့သတ်မှတ်ကြမှာလား ?
အဲဒီ့ပိတ်ရက်တွေမှာ အလုပ်ဆင်းကြရမယ်ဆိုရင် ဘယ်လိုအကျိုးခံစားခွင့်တွေ ပြန်ပေးခံရမလဲ? " 🤷🏻♂
ဆိုတဲ့ ခေါင်းစားစရာ ကိစ္စလေးကို Ccer တို့ စိတ်ထဲရှင်းသွားအောင် Careerconyat Team က sharing လုပ်ပေးသွားမှာပါ🙆
အရင် knowledge sharing post တွေမှာ ပြောခဲ့သလိုပဲ အလုပ်ရှင်တွေ ၊ HR တွေဟာ အလုပ်သမားဝန်ထမ်းတွေအတွက် တပတ်မှာ အနည်းဆုံး ၁ရက် ကို ရက်သတ္တပတ် ပိတ်ရက် အဖြစ် လုပ်ခခံစားခွင့်အပြည့်နဲ့ ပိတ်ပေးရမှာ ဖြစ်ပါတယ်။
နောက်ပြီး အစိုးရဌာနက အမိန့်ကြော်ငြာစာနဲ့ ထုတ်ပြန်တဲ့ အများပြည်သူပိတ်ရက်တွေကိုလည်း လုပ်အားခကို မဖြတ်ဘဲနဲ့ ပုံမှန်အလုပ်ဆင်းရက်မှာ ပေးနေကျနှုန်းအတိုင်းပေးပြီး ပိတ်ရက်ပေးရမှာပါ။
ပြီးတော့ အဲဒီ့ လုပ်ခခံစားခွင့်ရှိတဲ့ ပိတ်ရက်တွေကိုပါ တရားဝင်အလုပ်လုပ်ရက်အဖြစ် ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန်တွက်တဲ့အထဲ ထည့်သွင်း တွက်ချက်ရပါတယ်။
လုပ်အားခမဖြတ်တဲ့ခွင့်တွေကိုလည်း ဥပဒေအရ ပေးရမှာပါပဲ။ဒါလေးကိုတော့ အသေးစိတ်သိချင်ရင်အရင်က Ccမှာsharingလုပ်ပေးဖူးတဲ့ "ဝန်ထမ်းတိုင်းရသင့်တဲ့ ပိတ်ရက်"အကြောင်းကို ဒီlinkကနေပြန်လေ့လာလို့ရပါတယ်
Link : https://www.careerconyat.com/blog/garden-leave-laborlaw
ကဲ..ဒီလိုဆိုရင်...
ဝန်ထမ်းတွေက ပိတ်ရက်တွေနဲ့ ခွင့်ရက်တွေကို ပေါင်းယူကြတဲ့အခါမှာ HR တွေက ခွင့်ရက်တွေကို ဘယ်လိုစာရင်းမှတ်ကြမလဲ ?
(၁) ရက်သတ္တပတ် ပိတ်ရက် မတိုင်ခင် တရက် (သို့) ပိတ်ရက်ပြီး နောက်တရက် ကို ခွင့်တမျိုးမျိုး(လုပ်ခမဖြတ်တဲ့ ရှောင်တခင်ခွင့် ဖြစ်နိုင်သလို လုပ်ခဖြတ်တဲ့ ပျက်ကွက်ခွင့်လည်းဖြစ်နိုင်) ယူကြတဲ့အခါမှာ အဲဒီ့ပိတ်ရက်ကို ဥပဒေအရ ခွင့်ရက်အဖြစ်သတ်မှတ်လို့မရပါဘူး။
ဥပမာ - Sunday က ရက်သတ္တပတ် ပိတ်ရက် ဆိုပါစို့။
ဒါဆို ပိတ်ရက်မတိုင်ခင် တရက် Saturday ကို ခွင့်ယူပြီး Monday မှာ အလုပ်ဆင်းမယ်ဆိုရင် ကြားထဲက Sunday ကို ခွင့်ရက်လို့ မသတ်မှတ်ရပါဘူး၊ ပိတ်ရက်လို့ပဲ မှတ်ရမှာပါ။
ပိတ်ရက် Sunday ပြီးတော့ နောက်တရက် Monday ကို ခွင့်ယူတယ်ဆိုရင်လည်း အဲဒီ့ Sunday ကို ပိတ်ရက်လို့ပဲ မှတ်ရပါတယ်။ ခွင့်လို့မှတ်မရပါဘူး။
(၂) ရက်သတ္တပတ် ပိတ်ရက်မတိုင်ခင်က စပြီး ပိတ်ရက်ပြီးသွားတဲ့ နောက်တရက်အထိ ခွင့်ယူမယ်ဆိုရင် (ပိတ်ရက်ကို ကြားညှပ်ပြီး ခွင့်ယူမယ်ဆိုရင်) ဥပဒေ အရ အဲဒီ့ပိတ်ရက်ကို ခွင့်အဖြစ် သတ်မှတ်ရပါတယ်။
ဥပမာ - ပိတ်ရက် Sunday ကို ကြားညှပ်ပြီး Saturday နဲ့ Monday ကို ခွင့်ယူမယ်ဆိုရင် ကြားထဲက ပိတ်ရက် Sunday ဟာ ခွင့်အဖြစ် စာရင်းသွင်း ခံရမှာပါ။
(၃) ရက်သတ္တပတ် ပိတ်ရက် ကုန်ပြီးတဲ့ နောက်တရက် ကနေစပြီး နောက်တပတ် ပိတ်ရက်အထိ ခွင့်ယူမယ်ဆိုရင် အဲဒီ့ပိတိရက်ကို ခွင့်အဖြစ် HR က စာရင်းသွင်းမှာပါ။
ဥပမာ - ပိတ်ရက် Sunday ပြီးလို့ နောက်တရက် Monday ကနေ စပြီး ခွင့်ယူလိုက်တာ နောက်တပတ်ရဲ့ ပိတ်ရက် Sunday အထိတောင်။ ဒါဆို အဲဒီ့် Sunday ဟာ ပိတ်ရက် မဟုတ်တော့ဘဲ ခွင့်ရက်အဖြစ် စာရင်း ဝင်ပါတယ်။
ဒီလို ရက်သတ္တပတ်ရက်တွေ နဲ့ ပေါင်ပြီး အယူများတဲ့ ခွင့်တွေဟာ ရက်တိုခွင့်တွေဖြစ်တဲ့ လုပ်ခမဖြတ်တဲ့ ရှောင်တခင်ခွင့်တို့ ၊ လခဖြတ်တဲ့ ပျက်ကွက်ခွင့် တို့ ဖြစ်နိုင်ပါတယ်။
(၄) နောက်ပိတ်ရက် တမျိုးက အများပြည်သူ ပိတ်ရက်။
အလုပ်သမားဝန်ထမ်းတွေက အများပြည်သူပိတ်ရက် မတိုင်ခင် ခွင့်ယူတာမျိုး (သို့) အများပြည်သူပိတ်ရက် ပြီးသွားတဲ့ နောက်ရက်ကိုပါ ခွင့်ဆက်ယူတာမျိုး ဆိုရင် အဲဒီ့ ခွင့်နဲ့ပေါင်းယူလိုက်တဲ့ အများပြည်သူ ပိတ်ရက်ကို ခွင့်ရက်လို့ သတ်မှတ်လို့ မရပါဘူး ။
(၅) ဒါပေမဲ့ အများပြည်သူပိတ်ရက် မတိုင်ခင် ရက်ကတည်းကနေ ပိတ်ရက်ကုန်သွားပြီး နောက်ရက်အထိပါ ခွင့်ယူတယ်ဆိုရင်တော့ အဲဒီ့အများပြည်သူကို ခွင့်ရက်အဖြစ် သတ်မှတ်လိုက်မှာပါ။ Wednesday က အများပြည်သူပိတ်ရက်ဆိုပါစို့။ ဒါဆို Tuesday ကနေ Thursday နေအထိ ခွင့်ယူရင် သေချာပါတယ် သင့်ရဲ့ ကြားထဲက ပိတ်ရက်ဟာ ခွင့်စာရင်း ဝင်သွားပါပြီ။
ကဲ.. ဒီလောက်ဆိုရင်တော့ ဝန်ထမ်းတွေရော၊ အလုပ်ရှင်တွေရော ၊ HR တွေရော ဒွိဟဖြစ်နေစရာတွေ ရင်ထဲရှင်းသွားမယ်လို့ မျှော်လင့်ပါတယ်ဗျ။
နောက်အပတ်လည်း Ccer တို့အတွက် ဗဟုသုတရစရာ၊ စိတ်ဝင်စားစရာ အကြောင်းအချက်တွေနဲ့ ပြန်လာခဲ့ပါ့မယ်....🙋
#Careerconyat #knowledgesharing