Careerconyat
Knowledge SharingKnowledge Sharing

knowledge sharing

LinkedIn ဆိုတာဘာလဲ? ဘာလို့အလုပ်လုပ်သူတိုင်းအတွက် မဖြစ်မနေလိုအပ်တာလဲ?

LinkedIn ဆိုတာဘာလဲ? ဘာလို့အလုပ်လုပ်သူတိုင်းအတွက် မဖြစ်မနေလိုအပ်တာလဲ?   
Hello CCers🙋
ဒီတစ်ပတ်မှာ sharing လုပ်ပေးသွားမယ့် အကြောင်းအရာလေးကတော့ professional အများစု အပြင် မြန်မာနိုင်ငံမှာရှိတဲ့ HR တွေသာမက International က HR/recruiters အမြောက်အများ အသုံးပြုနေကြတဲ့ Social Networking platforms တွေထဲက တစ်ခုဖြစ်တဲ့ LinkedIn အကြောင်းပဲ ဖြစ်ပါတယ်။
LinkedIn ဆိုတာဘာလဲ?
LinkedIn ဆိုတာကတော့ အပေါ်မှာ ပြောပြခဲ့တဲ့အတိုင်း Job Seekers တွေနဲ့ Recruiters တွေကို ချိတ်ဆက်ပေးနေတဲ့ Social Networking platforms တွေထဲကတစ်ခုဖြစ်ပြီး ပုံမှန် Social platforms တွေနဲ့မတူတာကတော့ Professional industries တွေက အလုပ်ရှာသူတွေနဲ့ HRတွေကြား၊ Corporate level လုပ်ငန်းတွေ ကြားမှာ ချိတ်ဆက်ပေးထားတဲ့ Business Community တစ်ခုအနေနဲ့ လုပ်ဆောင်နေတာပဲ ဖြစ်ပြီး လက်ရှိမှာဆိုရင်တော့ နိုင်ငံပေါင်း 200 ကျော်မှာရှိတဲ့  users ပေါင်း 950 Millions အသုံးပြုနေတာဖြစ်ပြီး International Business Communities တွေထဲကတစ်ခုလို့ ဆိုနိုင်ပါတယ်။
ဘာလို့အလုပ်လုပ်သူတိုင်းအတွက် မဖြစ်မနေလိုအပ်တာလဲ?
တကယ်တော့ LinkedIn က အလုပ်လုပ်နေဆဲလူတွေအပြင် အလုပ်ရှာနေဆဲဖြစ်တဲ့လူတွေပါ အသုံးပြုသင့်တဲ့ Platform လဲဖြစ်ပါတယ်။ ဘာကြောင့်လိုအပ်တာလဲဆိုတာကိုတော့ Careerconyat ကနေ အချက် (၅) ချက်နှင့်အတူ အကျဉ်းချုပ် ဖော်ပြပေးသွားပါမယ်။
(၁) ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်မှာရှိတဲ့ Information တွေကို LinkedIn မှာ တစ်စုတစ်စည်းတည်းတွေ့နိုင်တာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကိုယ်က Internship အလုပ်တွေအကြောင်းကို  Alert လုပ်ထားရုံနဲ့ Internship နဲ့ ပတ်သက်တဲ့ သင့်အနီးအနားက Job Opportunities တွေအပြင် Aboard မှာ ရှိတဲ့ Jobs တွေရဲ့ informationကိုပါ သိနိုင်မှာဖြစ်ပါတယ်။
(၂) LinkedIn မှာ Jobs Alertsကိုဖွင့်ထားဖို့ လိုမှာဖြစ်ပြီး ကိုယ်ရှာချင်တဲ့ အလုပ်ပေါ်မူတည်ပြီး Open positions တွေကိုအချိန်နဲ့အမျှ LinkedIn ကNotified လုပ်ပေးနေမှာလဲဖြစ်ပါတယ်။ ဒီနေရာမှာ Open to Work feature ကို on ထားရင်လဲ ကိုယ့် experiences ကို သဘောကျတဲ့ HR တွေက scout လုပ်တာ၊ Interview ချိန်းဆိုတာတွေကလဲ LinkedIn မှာသာရနိုင်တဲ့ benefits တွေပဲဖြစ်ပါတယ်။
(၃)  နံပါတ်သုံးအချက်အနေနဲ့ကတော့ အရင်က ကိုယ်လုပ်ခဲ့ဖူးတဲ့ အလုပ်အတွေ့အကြုံတွေ၊ Skill Set တွေကို ကောင်းကောင်းဖော်ပြလို့ရနိုင်တာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အလုပ်အတွေ့အကြုံတွေအပြင် ပညာအရည်အချင်းနဲ့ ပတ်သက်တာတွေ၊ ပါဝင်ခဲ့ဖူးတဲ့ projects တွေကိုလဲ Attached လုပ်လို့ရနိုင်မှာလဲဖြစ်ပါတယ်။
(၄) LinkedIn ဆိုတာလက်ရှိ Corporate မှာအလုပ်လုပ်နေတဲ့သူတွေနဲ့တော့မစိမ်းကြပေမယ့် အခုမှ စသုံးမယ့်သူတွေ အတွက်လဲ Professional နယ်ပယ်အသီးသီးမှာ လုပ်ကိုင်နေကြတဲ့ HRတွေ၊ Seniors တွေကိုပါ connect လုပ်လို့ရမှာဖြစ်ပြီး ကိုယ့်ရဲ့ Business Community ကို LinkedIn ကနေတဆင့် develop ဖြစ်အောင်လုပ်နိုင်တာလဲ ဖြစ်ပါတယ်။
(၅) နောက်ဆုံးအချက်အနေနဲ့ကတော့ Recruiters တွေအများဆုံးရှိနေတဲ့ Platform ဖြစ်တဲ့အတွက် အလုပ်ရှာနေဆဲသူတွေအတွက် အသုံးပြုသင့်တဲ့ Social Networking Platform ဖြစ်တဲ့အပြင် (၂) အချက်မှာ ပြောသွားတဲ့ Open to Work featureကလဲ ကိုယ့်ကို recruiterတွေ Find ဖြစ်စေမယ့်အချက်လို့လဲ ပြောလို့ရနိုင်ပါတယ်။ 
ကဲ ဒီလောက်ဆိုရင်တော့ LinkedIn ဆိုတာဘာလဲဆိုတာကိုလဲ သိသင့်သလောက်သိသွားမယ်ထင်ပါတယ်၊ CCers လေးတို့အနေနဲ့ လဲ LinkedIn မှာ strong portfolio တစ်ခုဖြစ်အောင် အထက်ပါ အချက်တွေကိုသုံးပြီး Build လုပ်နိုင်မယ်လို့ယူဆပါတယ်။
နောက်တစ်ခုကတော့ Careerconyat Facebook မှာတင်မဟုတ်ဘဲ LinkedIn မှာပါ Professional Jobs တွေအတွက်လဲ Careerconyat ကအချိန်နဲ့တပြေးညီ ဖော်ပြပေးနေတာဖြစ်လို့ အောက်ပါ Link လေးကို follow ထားဖို့လဲ မမေ့နဲ့ဦးနော်။
.
Careerconyat Official LinkedIn Profile - https://www.linkedin.com/company/72669095/
.
Have a delightful Thursday! All the CCers
#Careerconyat #CCers #Knowledge_sharing #LinkedIn #Jobs #Job_Opportunities

Careerconyat

New Things Will Always
Update Regularly

Careerconyat