Careerconyat
Motivational Quote

Monday Motivational Quote (24. July. 2023)

Motivational Quote for Monday

ကျွန်တော်တို့တွေက customer တွေရဲ့ feedback ကိုကြောက်တတ်ကြတယ်။ 💙

ဒီနေ့မှာတော့ အားလုံးသိကြတဲ့ စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ "Bill Gates" ရဲ့ အထင်ကရစကားတစ်ခွန်းကိုပြောပြပေးချင်ပါတယ်။

"𝙔𝙤𝙪𝙧 𝙈𝙤𝙨𝙩 𝙐𝙣𝙝𝙖𝙥𝙥𝙮 𝘾𝙪𝙨𝙩𝙤𝙢𝙚𝙧𝙨 𝙖𝙧𝙚 𝙮𝙤𝙪𝙧 𝙜𝙧𝙚𝙖𝙩𝙚𝙨𝙩 𝙨𝙤𝙪𝙧𝙘𝙚 𝙤𝙛 𝙡𝙚𝙖𝙧𝙣𝙞𝙣𝙜"

ဒီစကားရဲ့ အဓိပ္ပါယ်ကတော့ ကျွန်တော်တို့အတွက် အကောင်းဆုံး၊ အကြီးမားဆုံးသော သင်ခန်းစာတွေကို ရယူနိုင်တာက စိတ်ကျေနပ်မှုမရရှိခဲ့ဖူးဆိုတဲ့ customer တွေရဲ့ complain တွေနဲ့ feedback တွေစီကပါပဲတဲ့ဗျ။

ဟုတ်ပါတယ်...... ‌ကျွန်တော်တို့ မမြင်လိုက်တဲ့၊ မမြင်နိုင်တဲ့ ယိုပေါက်တွေ နဲ့ လိုအပ်‌ချက်တွေ၊ အားနည်းချက်တွေကို ဝယ်ယူအားပေးသူတွေစီကလာတဲ့ feedback တွေ၊ complain တွေစီကပဲ ရရှိနိုင်တာဖြစ်ပါတယ်။

အဲ့တာမလို့ တစ်ချိန်ချိန်မှာ ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီး (ဒါမှမဟုတ်) ကိုယ်အလုပ်လုပ်တာနဲ့ ပတ်သက်ပြီး customer ဘက်က feedback ပေးတာမျိုး၊ complain တက်တာမျိုး ရှိလာတဲ့အခါ မကြောက်ရွံပဲ စိတ်အားမငယ်သွားပဲနဲ့ ဒါက ကျွန်တော်တို့အတွက် အကောင်းဆုံးသော သင်ခန်းစာကိုပေးနေတာ၊ သင်‌ပြပေးနေတာလို့မှတ်ယူပြီး ရှေ့ဆက်ကြရအောင်ဗျာ။ 🦋

ကဲ...... ဒါဆိုရင် Monday Motivational quote အစီအစဉ်လေးမှနှုတ်ဆက်ပါတယ်ခင်ဗျာ။ Ccers တို့ ‌စိတ်ချမ်းမြေ့ဖွယ် တနင်္လာနေ့ဖြစ်ပါစေဗျ။

#Careerconyat #Ccers #Monday_Motivational_Quote #Bill_Gates

Careerconyat

New Things Will Always
Update Regularly

Careerconyat