အလုပ်လျှောက်တဲ့အခါမှာ skill ရှိတာနဲ့ ပြီးပြည့်စုံနေပြီလား....။ ⁉️
အလုပ်ရှင်တွေက skill ရှိတယ်ဆိုတဲ့ ဝန်ထမ်းတွေကိုလိုချင်တာကတော့ ငြင်းလို့မရတာသေချာပါတယ်။ ဒါပေမယ့် skill ရှိနေရုံနဲ့တင် အလုပ်မရနိုင်ဘူးဆိုတာကိုလည်း သတိချပ်စေချင်ပါတယ်။ ရခဲ့ရင်လည်း အလုပ်မမြဲတာ၊ လုပ်ငန်းတွင်း ပြဿနာများတာလေးတွေ ကြုံတွေ့ရတတ်ပါတယ်။ ✅
ဒီနေ့ရဲ့ Monday Motivational Day မှာကတော့ အရင်အပတ်တွေနဲ့မတူတဲ့ quote လေးကို မျှဝေပေးချင်ပါတယ်....။
"You don't hire for skills,
You hire for attitude. You can always teach skills."
ဒီ quote လေးက အလုပ်ရှင်တွေကိုရော အလုပ်သမားတွေကိုပါ ထိရောက်မှုရှိတယ်လို့ပြောရမယ်ဗျ။
"သင်က အရည်းအချင်းတစ်ခုအတွက် အလုပ်ခန့်တာမဟုတ်ဘူး၊ attitude လို့ခေါ်တဲ့ စိတ်နေစိတ်ထား သူရဲ့ အပြုအမူတွေအတွက် အလုပ်ခန့်တာပါတဲ့။ အရည်အချင်းဆိုတာကို သင်ကြားပေးနိုင်ပါတယ်တဲ့။"
ဟုတ်ပါတယ်ဗျ။ ကျွန်တော်တို့က အရည်အချင်းတော့ရှိပါရဲ့... ဒါပေမယ့် အပြုအမူ အနေအထိုင် နဲ့ စိတ်နေစိတ်ထား တွေက မပြည့်ဝဘူးဆိုရင် လုပ်ငန်းခွင်မှာအဆင်မပြေနိုင်ပါဘူး။ အရည်အချင်းဆိုတာက သင်ပေးရင်း၊ သင်ယူရင်း ကနေ ရှိလာနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ "Attitude" ဆိုတာကတော့ သင်ပေးလို့လည်းမလွယ်သလို ကိုယ်တိုင်က ပြင်မှသာ ပိုပြီးကောင်းမွန်လာမယ့်အရာတစ်ခုဖြစ်ပါတယ်။
ဆိုတော့ လုပ်ငန်းခွင်မှာ အဆင်ပြေကြဖို့ဆိုရင် အရည်အချင်းဆိုတဲ့ "Skill" ရေအိုးကိုလည်း ဖြည့်ရင်း စိတ်နေသဘောထားအပြုအမူဆိုတဲ့ "Attitude" ရေအိုးကြီးကိုလည်း ပြည့်ဝအောင် ဖြည့်ကြတာပေါ့ဗျာ။
Ccers တို့အားလုံး သာယာသောနေ့ရက်လေးဖြစ်ပါစေခင်ဗျာ။ နောက်အပတ်မှာ ပြန်လည်ဆုံတွေ့ကြပါမယ်။ 💙
#Monday#Motivationalday#MotivationalQuote#Ccers#Careerconyat#SimonSinek