Ai တစ်စတစ်စ တိုးတက်လာတာဟာ စိုးရိမ်စရာမရှိပါဖူး ဒီ Ai ကို ကိုယ့်အတွက် ဘယ်လိုအကျိုးရှိအောင်အသုံးချမလဲဆိုတာကသာ အရေးကြီးတာပါ ဒီနေ့မှာတော့ Careerconyat ကနေ CCers လေးတွေအတွက်အသုံးဝင်မယ့် Ai command လေးတွေပဲဖြစ်ပါတယ်
Let's Move forward With Ai 🤖
Hello Ccers! ဒီနေ့မှာတော့ Careerconyat ကနေ CCers လေးတွေခေတ်နောက်ကျမကျန်ခဲ့လေအောင် လက်ဆောင်လေးပြင်ပေးထားပါတယ် ဒါကတော့ CCers လေးတွေအတွက်အသုံးဝင်မယ့် Ai command လေးတွေပဲဖြစ်ပါတယ်
ဒီ command တွေမှာ
CV form ပြင်ခိုင်းတာ
Report ပြင်ခိုင်းတာ
Presentation ပြင်ခိုင်းတာ
Proposal ပြင်ခိုင်းတာတွေပါဝင်မှာပဲဖြစ်ပါတယ်
Ai တစ်စတစ်စ တိုးတက်လာတာဟာ စိုးရိမ်စရာမရှိပါဖူး ဒီ Ai ကို ကိုယ့်အတွက် ဘယ်လိုအကျိုးရှိအောင်အသုံးချမလဲဆိုတာကသာ အရေးကြီးတာပါ ခုဆိုရင် Ai တွေဟာ ကိုယ့်ရဲ့နေ့စဥ်ဘဝမှာတကယ် အကူအညီပေးနိုင်မယ့် အခြေအနေကိုရောက်လာပါပီနော်
ဒီ command လေးတွေကို အသုံးပြုနိုင်ဖို့ အောက်ကလင့်ခ်လေးကိုနှိပ်ပေးကြနော် 👇🏻
https://www.careerconyat.com/blog/ai-command-prompt
အကယ်၍များ လုပ်နေရင်းသိချင်တာရှိရင် Careerconyat ရဲ့ messenger ကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ်နော် 🥰
What can Ai be used for?
Ai ကိုကဏ္ဍမျိုးစုံမှာအသုံးချနိုင်ပါတယ်
၁။ ကိုယ်သိချင်တဲ့အကြောင်းအရာကို မေးမလား?
၂။ ကိုယ်သင်ယူလိုတဲ့အကြောင်းအရာကို source ရှာခိုင်းမလား?
၃။ စာအုပ်ကြီးတစ်အုပ်လုံးမဖတ်ချင်ဖူးဆိုပြီး Highlight points တွေပဲပြောပေးဆိုပြီး ဆွဲထုတ်ခိုင်းမလား?
၄။ ဘယ်အတွက်Presentationလုပ်ချင်တယ် ငါအတွက်အချက်တွေပြောပေးဆိုပြီး ပြင်ခိုင်းမလား?
(Don't let your ဂျာကြီး and Boss know)🤫
စတာတွေကို ကိုယ်ဉာဏ်ရှိရင်ရှိသလောက် Aiကို ခိုင်းလို့ရနိုင်ပါတယ်🧐
ခုမှာတော့ သုံးလို့အဆင်ပြေတဲ့ Ai တွေက ChatGPT, Gemini, Copilot, Mistral တို့ပဲဖြစ်ပါတယ်
Usage အနေနဲ့ကတော့
ဒီ command လေးတွေမှာဆိုရင်တော့ [ ] လေးထောင့်ကွင်းထဲက စာတွေကိုတော့ ကိုယ်ရေးစေချင်တာလေးထည့်ပေးနော် ဒါဆိုရင် Ai ဖက်နေ အဆင့်သင့်ရေးလို့ရနိုင်မယ့် format လေးကိုထုတ်ပေးမှာပါ
Ai ဖက်နေ ထုတ်ပေးတဲ့အရာတွေကို ကိုယ်ကြိုက်နှစ်သက်ရာဆီကို copy, paste လုပ်ပီးမလိုချင်တဲ့ အပိုင်းတွေကို ဖယ်ထုတ်လိုက်လို့ရပါတယ် ပီးရင်တော့ Ai ဖက်ကပြန်ထုတ်ပေးတဲ့ format မှာ [ ] လေးထောင့်ကွင်းနဲ့ခတ်ထားတဲ့နေရာတွကိုလည်း ကိုယ့် info လေးကိုအသင့်ထည့်လိုက်ရုံနဲ့တင် အချိန်ကုန်သက်သာပီး အလုပ်ကိုမြန်မြန်ပြီးမြောက်စေမှာပါ✨