Careerconyat
Knowledge SharingKnowledge Sharing

Movie Review For This Week (28. Sep. 2023)

Movie Review for This Week 🙋💙

Movie Link: https://t.me/zatkarmyanmarsubchannel/629

Movie Review for This Week 🙋💙

အားလုံးပဲ မင်္ဂလာပါ Ccers တို့ရေ …

ဒီအပတ် ကြာသပတေးနေ့ရဲ့  Knowledge Sharing Session မှာတော့ တစ်နေ့တာ ပင်ပန်းခဲ့သမျှကို ဇာတ်ကားလေးကြည့်ပြီး Restလုပ်ရတာကြိုက်တဲ့ Ccersတို့အတွက် Self-Motivation အပြင် လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ Knowledgeတွေပါ ရစေမယ့် Movie လေးတစ်ခုကို မင်မင်ကရွေးချယ်ပေးထားပါတယ်....😍

ဇာတ်ကားလေးရဲ့နာမည်ကတော့ "The Intern”ဖြစ်ပါတယ်။ 2015တုန်းက ထွက်ရှိခဲ့ပြီးတော့ Rating အရလည်း အရမ်းကောင်းတဲ့ ဇာတ်ကားလေးပါ...😛

ကဲ..ဒီကားလေးထဲမှာတော့ "မင်မင်တို့ လုပ်ငန်းခွင်ထဲက ဝန်ထမ်းတွေဟာ နေ့စဥ်ဘဝမှာ ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံနေရသလဲ၊တစ်ဖက်မှာကော ဘယ်လိုဝန်တွေကိုထမ်းထားနေရသလဲ၊ အသက်သာကြီးသွားမယ် ကိုယ့်ရဲ့ Experiences တွေကတော့ ဘယ်တော့မှဟောင်းမသွားဘူး ဆိုတဲ့ သဘာဝကျကျ ရိုက်ကူးချက်တွေနဲ့ Movieလေးတစ်ခုပါ...🎬

ဇာတ်လမ်းကတော့ အသက်(70)အရွယ်ရှိပြီးအနှစ်40လောက် စာအုပ်ထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းမှာ အတွေ့အကြုံရှိခဲ့တဲ့ မုဆိုးဖို အဘိုးကြီးတစ်ဦး "Ben Whitaker" ဟာ သူ့ကျန်ဘဝမှာ ဘာလုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်နေတုန်း "About the fit" ဆိုတဲ့နာမည်ကြီး Online Shopping Company တစ်ခုကနေလုပ်တဲ့ Senior Internship Program မှာသွားပြီးအလုပ်လျှောက်ခဲ့ပါတယ်။

အဲ့ဒီမှာတော့  အလုပ်ပေါ်မှာ အမြဲစေတနာထားကြိုးစားနေလို့ မိသားစုနဲ့ အလှမ်းကွာနေတဲ့လူငယ် CEO "Jules Austin" နဲ့တွေ့မိကြပြီး အလုပ်တူတူတွဲလုပ်ရင်း ဘယ်လိုအမြင်တွေ ဖလှယ်ကြမလဲဆိုတာကို ဒီMovieလေးကနေတစ်ဆင့် လေ့လာနိုင်မှာဖြစ်ပါတယ်။ …

ဒီ Movie လေးက Learning New Things လုပ်နေရတဲ့ ကြိုက်တဲ့ Ccersလေးတို့ ကြည့်ပြီးရင်လည်း လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ Knowledge ကော ၊Motivationကော ဖြစ်စေမယ့်အပြင် တွေးစရာတွေလည်း အများကြီးရသွားစေပါလိမ့်မယ်...

ကဲ..ဒါဆို ဒီတပတ်ပိတ်ရက်မှာပဲဖြစ်ဖြစ် Restလုပ်ရင်းmovie dateမယ်ဆို "The intern" ဆိုတဲ့ movieလေးကိုမင်မင်တို့ Cc Teamက recommend ပေးလိုက်ပါတယ်..🙋❤️

#Careerconyat #Ccers #Knowledge_Sharing #Movie_Review

Careerconyat

New Things Will Always
Update Regularly

Careerconyat