Passion နဲ့ Career Development ထပ်တူကျရဲ့လား❔
Passion နဲ့ Career Development ထပ်တူကျရဲ့လား❔
Hello CCers, 👋🏻
ဒီတစ်ပတ်မှာ Sharing လုပ်ပေးသွားမယ့် အကြောင်းအရာလေးကတော့ လူငယ်တိုင်း Find Out လုပ်နေကြတဲ့ Passion နဲ့ Career Development အကြောင်းလေးပဲ ဖြစ်ပါတယ်။ 👨🎓
1️⃣ အရင်ဦးဆုံး ကိုယ့်ရဲ့ Passion ကို ဘယ်လိုရှာဖွေကြမလဲ။
🔹️ Passion ကို ရှာဖွေတဲ့ နေရာမှာ ကိုယ့်ရဲ့ Career Development အတွက်ကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။
ပုံမှန်သမားရိုးကျ Passion ရှာဖွေတဲ့အခါမှာ ကိုယ်က ဘာကိုစိတ်ဝင်စားလဲ?
ဉပမာ အနေနဲ့
- အချက်အပြုတ် စိတ်ဝင်စားသူလား?
- စာရေးရတာကို ဝါသနာပါသူ တစ်ယောက်လား?
- အားကစားလုပ်ရတာကို နှစ်သက်သူလား? ....
စသည်ဖြင့် စဉ်းစားကြည့်ကြရင်း ရှာဖွေလေ့ရှိကြပါတယ်။
ဒီကနေ မှတစ်ဆင့် ကိုယ့်ရဲ့ Passion ကို Find Out လုပ်ပြီးသွားပြီ၊ သေချာသိမြင်သွားပြီဆိုရင်တော့ လက်ရှိ ကိုယ့်လုပ်နေတဲ့ အလုပ် (Profession, Career) နဲ့ ကိုယ့် Passion ကို ချိန်ညှိပြီး ကိုယ့်ရဲ့ Career development အနေနဲ့ အကျိူးရှိရှိ ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။
2️⃣ Passion နဲ့ Career Development ထပ်တူကျဖို့ ဘာကြောင့်အရေးကြီးသလဲ။
🔹️ Passion နဲ့ Career ထပ်တူကျသွားတဲ့အခါ Career Development ဖြစ်ဖို့ အများကြီး အထောက်အကူပြုနိုင်ပါတယ်။
ဉပမာ အနေနဲ့ - လက်ရှိမှာ Accountant အနေနဲ့ Professional ကျကျလုပ်ကိုင်နေပြီး အချက်အပြုတ် ဝါသနာပါသူ တစ်ယောက်ဆိုရင် Passion နဲ့ Career အတွက် Restaurant တစ်ခုရဲ့ Financial Department မှာ ကိုယ့်ရဲ့ Professional နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ Passion ရှိနေတဲ့ နေရာဖြစ်တဲ့အတွက် အလုပ်လုပ်နေရတာကို အလုပ်လို့မခံစားရဘဲ ကိုယ့်အတွက် ပိုကောင်းတဲ့ Career Development တစ်ခု အနေနဲ့ တွေးမြင်လာနိုင်ပါတယ်။
ဒီနည်းလမ်းကို အသုံးချခြင်းကနေ လက်ရှိလူငယ်တိုင်း ရင်ဆိုင်နေရတဲ့ လမ်းပျောက်မှုတွေ၊ Career Switch လုပ်ဖို့ရန်အတွက် ရှု့ထောင့်ပေါင်းစုံကနေ စဉ်းစားတွေးခေါ်နိုင်ပြီး မိမိရဲ့ Career Development အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။
~ ကဲ ~ ဒါဆိုရင်တော့ ဒီတစ်ပတ်ရဲ့ Knowledge Sharing လေးကနေတဆင့် ကိုယ့်ရဲ့ Passion နဲ့ Career ထပ်တူကျတဲ့ လုပ်ငန်းခွင်မှာ Career Development ဖြစ်ဖို့ စဉ်းစားနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ကိုယ့်ရဲ့ Professional နဲ့ Passion ကိုက်ညီမယ့် အလုပ်ခေါ်စာတွေနဲ့ Company တိုက်ရိုက် အလုပ်အကိုင်တွေကိုလဲ Careerconyat ကနေတဆင့် အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတာကြောင့် Careerconyat website မှာ Register လုပ်ထားဖို့ နဲ့ Job Alert လေး on ထားဖို့မမေ့ကြနဲ့နော်။ 😉
Have a happy Thursday! All the CCers
#Careerconyat #CCers #Knowledge_sharing #Passion #Career_Development