Careerconyat
Knowledge SharingKnowledge Sharing

Personal Branding (4. August. 2023)

လုပ်ငန်းခွင်မှာ Personal Branding ရှိဖို့ဆိုတာက ဘာကြောင့်အရေးကြီးတာလဲ⁉️

လုပ်ငန်းခွင်မှာ Personal Branding ရှိဖို့ဆိုတာက ဘာကြောင့်အရေးကြီးတာလဲ⁉️ 

အခုနောက်ပိုင်း ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်မှာ "Personal Branding" ဆိုတဲ့စကားက လူပြောများလာကြတာ သတိထားမိကြမယ်ထင်ပါတယ်။ 

ဆိုတော့..... အတူတူလေ့လာကြည့်ရအောင်ဗျ။ 

"Personal Branding" ဆိုတာက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူမျိုးလဲဆိုတဲ့ အဓိပ္ပာယ်တစ်ခုကို အများသိအောင် တည်ဆောက်ခြင်းတစ်မျိုးလို့လည်းပြောလို့ရပါတယ်။ တစ်နည်းအားဖြင့်ဆိုရင်  ဥပမာ - စိတ်ပညာတွေနဲ့ပေါင်းဖွဲ့ထားတဲ့ ဝတ္ထုဆိုတာနဲ့ စာရေးဆရာ သိုးဆောင်းကို ပြေးမြင်မိကြသလိုပေါ့။ ဒါက "သိုးဆောင်း" ဆိုတဲ့ brand တစ်ခုကို တည်ဆောက်ထားတဲ့ ပုံစံလို့ပဲပြောရမယ်ဗျ။ 📌 

ဆိုတော့ "Personal Branding" တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲ လေ့လာကြည့်ရအောင်ဗျာ။‼️ 

✅ အရင်ဆုံး ကျွန်တော်တို့က ဘယ်နေရာတွေမှာ အားသာပြီး ဘယ်နေရာတွေက အားနည်းလည်းဆိုတာကို ရှာဖွေရပါမယ်။ 

✅ ပြီးရင်တော့ အဲ့ဒီ အားသာချက်၊ အားနည်းချက်တွေအပေါ်သုံးသပ်ပြီး ကိုယ့်အပေါ် လူတွေဘယ်လိုမြင်စေချင်လဲဆိုတော့ "Public Profile" တစ်ခုကို ရှာဖွေဖို့၊ စဉ်စားဖို့ လိုအပ်ပါမယ်။ 

✅ နောက်တစ်ခုက ကုန်ပစ္စည်းတစ်ခုမှာ Target Market ရှိသလိုမျိုး၊ Personal Branding တစ်ခုကိုတည်ဆောက်ရာမှာလည်း ကျွန်တော်တို့က ဘယ် Target Audience ကိုအဓိကထား တည်ဆောက်မှာလဲဆိုတာကို သိဖို့လိုအပ်ပါမယ်။ 

✅ ဥပမာ - အလှအပပိုင်းဆိုင်ရာ လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ရဲ့ target audience က အလှအပကိုစိတ်ဝင်စားကြတဲ့ လူတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သူရဲ့ Branding ကိုတည်ဆောက်တဲ့အခါမှာလည်း အလှအပအကြောင်းကို ကောင်းကောင်းသိတဲ့လူ‌တစ်ယောက်ဆိုတာမျိုးနဲ့ တည်ဆောက်ဖို့လိုအပ်ပါမယ်။ 

✅ နောက်ဆုံးအချက်ကတော့ ကိုယ်တည်ဆောက်ချင်တဲ့ ပုံစံလေးပုံပေါ်လာပြီဆိုရင် ရပ်တန့်မ​နေဘဲ ခေတ်နဲ့ အညီ လိုက်လျောညီထွေပြောင်းလဲရင်း "branding" ကို ပုံမှန် မြှင့်တင်ပေးဖို့ လိုအပ်ပါမယ်နော်။ 

အကျဉ်းချုပ်ပြီး ပြန်ပြောပြရမယ်ဆိုရင်တော့ Ccers တို့အနေနဲ့ဆိုရင် "Personal Branding" တစ်ခု တည်ဆောက်မယ်ဆိုရင်...…

1️⃣ ကိုယ့်ရဲ့ အားသာချက် နဲ့ အားနည်းချက်၊ 

2️⃣ ကိုယ်တည်ဆောက်ချင်တဲ့ "Personal Branding" ပုံရိပ်တစ်ခု၊ 

3️⃣ ကိုယ်ရဲ့ အဓိက target audience နဲ့၊ 

4️⃣ အမြဲ ‌ရပ်တန့်မနေဘဲ လိုက်လျောညီထွေစွာ "Branding" ကို အဆင့်မြှင့် တည်ဆောက်သွားဖို့တို့ပဲဖြစ်ပါတယ်။ 

ကဲ...... ဒါဆိုရင် Ccers တို့အနေနဲ့ "Personal Branding" ဆိုတာဘာလဲ နဲ့ ဘယ်လိုတည်ဆောက်ရလဲဆိုတာကို အနည်းငယ်သိရှိသွားကြမယ်လို့တော့ထင်ပါတယ်နော်။ 🤩 

ဒီလိုမျိုး ဗဟုသုတရစရာတွေ ဖတ်ရှု‌ချင်တယ်ဆိုရင်တော့ အမြန်ဆုံး Careerconyat ရဲ့ website မှာ အကောင့်ဖွင့်ထားပြီး တခြား platform တွေကိုပါ like, subscribe & follow လုပ်ထားဖို့ လိုအပ်ပါမယ်နော်။ 😉 

Website: www.careerconyat.com 

#Careerconyat #Ccers #Knowledge_Sharing #JobVacancy #Hiring

Careerconyat

New Things Will Always
Update Regularly

Careerconyat