"သင်ရဲ့ ဖြစ်တည်မှု နဲ့ မတူညီမှုတွေအတွက် ဂုဏ်ယူပါတယ်" 💌
"သင်ရဲ့ဖြစ်တည်မှုနဲ့မတူညီမှုတွေအတွက်ဂုဏ်ယူပါတယ်" 💌
Ccers လေးတို့ရေ..... မင်္ဂလာပါ။ဒါနဲ့ဒီနေ့ကဘာနေ့လဲဆိုတာသိကြလား။⁉️
ဒီနေ့ကလူတစ်ဦးတစ်ယောက်ချင်းစီရဲ့ဖြစ်တည်မှုကိုဂုဏ်ပြုဖို့သတ်မှတ်ထားတဲ့နေ့ရက်တွေထဲကတစ်ခုဖြစ်ပါတယ်။(Ccers တို့ထဲမှာသိတဲ့သူတွေရှိရင်comment မှာဖြေပေးကြပါဦးနော်။ ) 🙆♀️
#Careerconyat #Ccers #Advertising #
တကယ်တော့ဒီနေ့ကPride နေ့ရက်လေးပဲဖြစ်ပါတယ်။Pride month က၆လပိုင်းဆိုတာကိုလူအများစုကသိပြီးကြပေမယ့်ဒီရက်လေးကတော့Pride day of the month ဆိုတာကိုမသိသေးတဲ့သူတွေလည်းရှိလို့နေမယ်ထင်ပါတယ်။❤️
ဆိုတော့..... Careerconyat ကနေပြီးမတူညီမှုတွေနဲ့ဖြစ်တည်မှုတွေ၊ကွဲပြားမှုတွေနဲ့ရွေးချယ်မှုတစ်ခုချင်းစီတိုင်းအတွက်ဂုဏ်ယူကြောင်းပြောပြလိုပြီးဂုဏ်ပြုပေးချင်ပါတယ်။🧡
တကယ်တော့ဘယ်လိုနေရာမျိုးမှာမဆိုကိုယ့်ရဲ့ဖြစ်တည်မှုကိုပြောပြဖို့ရာကြောက်လန့်တတ်ကြပြီးခက်ခဲတတ်ကြမှာပါ၊အထူးသဖြင့်သူငယ်ချင်း၊မိသားစုဝင်တွေအပြင်ကျောင်းနဲ့အလုပ်ခွင်တွေမှာပေါ့။💛
အခုလိုမျိုးဖြစ်ရခြင်းကလည်းလူအချင်းချင်းခွဲခြားဆက်ဆံတာတွေ၊အနိုင်ကျင့်လိုတဲ့စိတ်တွေ၊လှောင်ပြောင်လိုတဲ့စိတ်တွေကြောင့်ပဲဖြစ်ပါတယ်။ဒါပေမယ့်အခုအချိန်မှာတော့မြန်မာနိုင်ငံကလူအများစုက"ဖြစ်တည်မှု" ဆိုတာလေးကိုနားလည်လာကြပြီးလက်ခံလာကြပြီပဲဖြစ်ပါတယ်။💚
အဲ့တာမလို့Ccers တို့ထဲမှာလည်းမတူညီကွဲပြားမှုတွေကိုဖုံးကွယ်ထားမိတဲ့သူတွေရှိခဲ့မယ်ဆိုရင်ဖုံးကွယ်မထားပဲလက်ခံလိုက်ကြရအောင်ပါ။💙
🏳️🌈တခြားလူတွေဘာပြောမလဲမကြောက်ပါနဲ့၊"𝐄𝐦𝐛𝐫𝐚𝐜𝐞𝐲𝐨𝐮𝐫𝐬𝐞𝐥𝐟"
🏳️🌈လာပါကိုယ့်ဖြစ်တည်မှုကိုမဖုံးကွယ်ပဲပြသလိုက်ပါ၊"𝐒𝐡𝐨𝐰𝐲𝐨𝐮𝐫𝐬𝐞𝐥𝐟"
🏳️🌈ဒါဟာငါပါ၊ဒါကငါရဲ့ဖြစ်တည်မှုပဲလို့စိတ်ရှိလက်ရှိကြေငြာပြလိုက်ပါ၊"𝐀𝐜𝐜𝐞𝐩𝐭𝐚𝐧𝐝𝐒𝐡𝐨𝐮𝐭𝐎𝐮𝐭𝐭𝐨𝐩𝐞𝐨𝐩𝐥𝐞, 𝐰𝐡𝐨𝐰𝐞𝐚𝐫𝐞"
🏳️🌈လူတိုင်းရဲ့ဖြစ်တည်မှုကအရေးပါပြီးတန်ဖိုးရှိပါတယ်၊"𝐄𝐯𝐞𝐫𝐲𝐨𝐧𝐞'𝐬𝐞𝐱𝐢𝐬𝐭𝐞𝐧𝐜𝐞𝐢𝐬𝐢𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭& 𝐯𝐚𝐥𝐮𝐚𝐛𝐥𝐞"
🏳️🌈နောက်ဆုံးအချက်အနေနဲ့ကိုယ့်ဖြစ်တည်မှုကိုကိုယ်တိုင်ဂုဏ်ယူလိုက်ပါ၊"𝐋𝐚𝐬𝐭𝐥𝐲, 𝐛𝐞𝐩𝐫𝐨𝐮𝐝𝐨𝐟𝐲𝐨𝐮𝐫𝐞𝐱𝐢𝐬𝐭𝐞𝐧𝐜𝐞"
Ccers တို့ရေအခုလိုထူးခြားတဲ့pride day လေးမှာကိုယ်ရဲ့ဖြစ်တည်မှုကိုလက်ခံပြီးဖုံးကွယ်မနေပဲကြေငြာလိုက်ကြရအောင်ပါ။လူတွေကလက်မခံခဲ့ရင်လို့မတွေးပဲအတူတူပြောပြလိုက်ကြရအောင်ပါ။
"𝗪𝗲𝗔𝗿𝗲𝗣𝗿𝗼𝘂𝗱𝗢𝗳𝗪𝗵𝗼𝗪𝗲𝗔𝗿𝗲"
ဒါဆိုရင်တော့နှုတ်ဆက်စကားအနေနဲ့Careerconyat ကသင်ရဲ့ဖြစ်တည်မှုကိုအစဉ်အမြဲဂုဏ်ယူနေကြောင်းပြောပြရင်းနှုတ်ဆက်လိုပါတယ်။Ccers လေးတို့လည်းလိုချင်တဲ့ပန်းတိုင်တွေကိုအမြန်ဆုံးရောက်နိုင်ကြပြီးအောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးပါတယ်ဗျာ။💜
#Careerconyat #Ccers #Vacancy #Pride2023 #knowledge_sharing_session